Main menu

Background

နယ်စပ်မှ ပဲတီစိမ်းဝယ်လိုအားကောင်းနေ

Sun, 01/16/2011 - 04:12 -- Anonymous (not verified)

နယ်စပ်မှ ပဲတီစိမ်းဝယ်လိုအားကောင်းနေ                မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ စစ်တွေနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တစ်ဘက်အိမ်နီးချင်း နိုင်ငံများသို့ ယခုအပတ် ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၂၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် ၁၄၅ဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတော့ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တန် ၁၃၂ဝ ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၁၃၀ ခန့်တင်ပို့မှုပိုမိုခဲ့ပါတယ်။ယခုအပတ်မှာလည်း ပဲတီစိမ်းလုံးခြမ်း တင်ပို့ခြင်းမရှိဘူးလို့  သိရပါတယ်။ ယခုတစ်ပတ်မိမိဘက်မြေပြင် ပေါက်ဈေးမှာ ၉၃၈၅၅ဝ ကျပ်နဲ့ တစ်ဖက်နိုင်ငံပေါက်ဈေးက ၁၁၈၃ ဒေါ်လာ ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်း ဈေးကွက်အတွင်း ပဲတီစိမ်း ပဲခူးစအသစ်များဝင်ရောက်စပြုပြီဖြစ်တဲ့အတွက် အလတ်စ တစ်တန် ၅၆ ဒသမ ၂၅ ပိဿာဝင်တစ်အိတ်လျှင် ၇၈ဝဝဝ ကျပ်မှ ၉ဝဝဝဝကျပ်၊ တစ်တန်လျှင် ၈ ဒသမ ၄၉သိန်းမှ ၉ ဒသမ ၇၉ ကျပ်သိန်းအထိတက်လာပြီး အညာစ လက်ကျန်ဈေးမှာ ၇ ဒသမ ၈၃ သိန်းဝန်းကျင်အထိ ဈေးပေါက်လျက် ရှိပါတယ်။ ပဲတီစိမ်းအသစ်အား တရုတ်မှဝယ်လိုအားရှိတဲ့အတွက် အရည်အသွေးကောင်းရင် တစ်တန် ယွမ် ၉၈ဝဝ မှ ၁ဝဝ၂ဝ ထိ ဈေးပေးဝယ်ယူလျက်ရှိနေပါတယ်။ တရုတ်ဝယ်လိုအားရှိပြီး ပြည်တွင်းဈေးကွက်မှာ လက်ရှိ ပဲတီစိမ်းအသစ် ၅၆ ဒသမ ၂၅ ပိဿာဝင် တစ်အိတ်လျှင် ကျပ်တစ်သိန်းနှုန်းအထိ ကြိုပွိုင့်ဈေးပေး အရောင်းအဝယ် ဖြစ်နေကြတယ်လို့ သိရပါတယ်။DOBT (MIRT)