Main menu

Background

ပြည်ပဲတီစိမ်းအဝင်နည်းပြီး ဈေးမြင့်နေ

Sun, 01/16/2011 - 04:13 -- Anonymous (not verified)

ပြည်ပဲတီစိမ်းအဝင်နည်းပြီး ဈေးမြင့်နေ                ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်းသို့ ပဲတီစိမ်းအဝင်နည်းလာခဲ့တာကို တွေ့ရပါတယ်။ ဇန်နဝါရီပထမပတ် အတွင်း မကွေးတိုင်းဒေသကြီးဘက်မှ အဝင်များခဲ့ပြီး တိုင်းအတွင်းမြို့နယ်များမှလည်း အဝင်ရှိခဲ့တာကြောင့် အိတ် ၇ဝဝ၊ ၈ဝဝ အထိအဝင်ရှိခဲ့ပါတယ်။ ယခုဇန်နဝါရီ ဒုတိယပတ်မှာတော့ တစ်ရက်ကို အိတ် ၁၅ဝ၊ ၂ဝဝ ခန့်သာ အဝင်ရှိတော့ပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ ထိပ်စ ၂၈ဝဝဝ ကျပ်နဲ့ အလတ်စမှာ ၂၆၅ဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး ယခင်အပတ်ကထက် တစ်တင်းကို ၃ဝဝဝ ကျပ်နီးပါးမြင့်တက်ခဲ့ပါတယ်။ ပဲတီစိမ်းတင်ပို့မှုကတော့ ရန်ကုန်ကို ယခု ဇန်နဝါရီ ဒုတိယပတ်အထိ အိတ် ၁၆ဝဝ တင်ပို့ခဲ့ကြောင်း သိရပါတယ်။                                                                                        ခင်ဆွေဝင်း