Main menu

Background

ဈေးကွက်တွေကိုဝင်ရောက်မှုကျဆင်းလို့ အိန္ဒိယကုလားပဲဈေးမြင့်

Sun, 01/16/2011 - 04:28 -- Anonymous (not verified)

ဈေးကွက်တွေကိုဝင်ရောက်မှုကျဆင်းလို့ အိန္ဒိယကုလားပဲဈေးမြင့်             အိန္ဒိယကုလားပဲအဓိကစိုက်ပျိုးတဲ့ ဒေသတွေရဲ့ လက်ကျန်အခြေ အနေအရ ကုလားပဲကြိုပွိုင့် ဈေးမြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းက ပဲဝင်ရောက်မှုနှောင့်နှေးလို့ ရောင်းချမှုနည်းပေမဲ့ လက်ငင်းဈေးကွက် တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည်များက ဝယ်လိုအားကောင်းတာကြောင့် တစ်တန်ကို ရူးပီး ၅၂ဝ (ကန်ဒေါ်လာ ၁၁ ဒသမ ၅၂) မြင့်တက်ပြီး ရူပီး ၂၆ဝ၄ဝ (ကန်ဒေါ်လာ ၅၇၇) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲအစားထိုးရတဲ့ ပဲဝါလေး ဈေးက လည်း တစ်တန်ကို ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၄) မြင့်တက် လာခြင်း ကလည်း ကုလားပဲ ဈေးမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ သြစတြေးလျမှာလည်း ရေလွှမ်းမိုးမှုတွေကြောင့် ကုလားပဲအရည် အသွေး ပျက်စီးမှုတွေဖြစ်လို့ တင်သွင်းမှုကျဆင်းတယ်လို့ သိရပါတယ်။ ယခုနှစ် အိန္ဒိယ ကုလားပဲစိုက်ဧရိယာဟာ ဟက်တာ ၉ဝ ဒသမ ၈၃ သိန်းရှိလို့ ယခင်နှစ် စိုက်ဟက်တာ ၈၃ ဒသမ ၃၂ သိန်းထက် ပိုမိုတာကြောင့် အထွက်ပိုမယ်လို့ ခန့်မှန်း ထားပါတယ်။ NCDEX  သိုလှောင်ရုံတွေမှ ဇန်နဝါရီလ ၁ဝ ရက် ကုလားပဲ သိုလှောင်မှုဟာ တန်ချိန် ၈ဝ၅၁ တန်ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်Source: commodityonline