Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး (ဓာတ်ဆီ/ဒီဇယ်ဆီ)

Sun, 01/16/2011 - 04:53 -- Anonymous (not verified)

ဒီဇယ်ဓာတ်ဆီအဝင် တန်ချိန်ငါးသောင်းကျော်ရှိခဲ့                ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ဇန်နဝါရီ ၃ ရက်မှ ၉ ရက်တာကာလ အတွင်း ဒီဇယ်ပီပါသုံးသိန်းငါးသောင်းကျော်၊ တန်ချိန်အားဖြင့် လေးသောင်းခုနှစ် ထောင်ကျော်နဲ့ ဓာတ်ဆီပီပါ လေးသောင်းခုနစ်ထောင်ကျော်၊ တန်ချိန်အားဖြင့် ခြောက်ထောင့်သုံးရာကျော် စုစုပေါင်းတန်ချိန် ငါးသောင်းလေးထောင်ကျော်ကို တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဓာတ်ဆီဒီဇယ်အဝင်စုစုပေါင်းမှာ တန်ချိန် လေသောင်းရှစ်ထောင်ကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်အဝင်တန်ချိန် ငါးထောင့်ကိုးရာကျော် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။MIRT-DOT  နယ်စပ်စခန်းများမှ ဒီဇယ်တင်သွင်းမှု လေးသိန်းနီးပါးရှိ                    ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ ကော့သောင်း၊ တာချီလိတ်နဲ့ တရုတ်နယ်စပ်ဖြစ်တဲ့ ကန်ပိုက်တီး နယ်စပ်စခန်းတို့မှ ဓာတ်ဆီနဲ့ဒီဇယ်ဆီများ ယခင်အပတ်ကထက် ပိုမိုတင်သွင်း လာတာ တွေ့ရပါတယ်။ ဓာတ်ဆီကို ကော့သောင်းနဲ့ တာချီလိတ်မှ ၆၃၂၁ဝ တစ်ဂါလန် ကန်ဒေါ်လာ ဝ ဒသမ ၁၇၁ သန်းဖိုး တင်သွင်းခဲ့တဲ့အတွက် ယခင် အပတ်ကထက် ဓာတ်ဆီဂါလန် ၅၅ဝဝ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ ဒီဇယ်ဆီကိုတော့ တာချီလိတ်နဲ့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ၆၃၁ဝ၆၃ ဂါလန် ကန်ဒေါ်လာ ဝဒသမ ၈၂ သန်းဖိုး တင်သွင်းခဲ့တဲ့အတွက် ယခင် အပတ်ကထက် ဒီဇယ်ဆီတင်သွင်းမှု သိသိသာသာ ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ဒီဇယ်ဆီဂါလန် ၄၁ဝဝဝဝ နီးပါးပိုမိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး            ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဇန်နဝါရီ ၂ဝ၁၁                 ဝယ်ဈေးဓာတ်ဆီ(ကျပ်)          ဝယ်ဈေးဒီဇယ်(ကျပ်)ရက်               ရန်ကုန်      မန္တလေး           ရန်ကုန်       မန္တလေး၁ဝ                ၃၂ဝဝ        ၃၅ဝဝ             ၃ဝဝဝ          ၃၄ဝဝ၁၁                ၃၂ဝဝ        ၃၅ဝဝ             ၃ဝဝဝ          ၃၄ဝဝ၁၂                ၃၂ဝဝ        ၃၅ဝဝ             ၃ဝဝဝ          ၃၄ဝဝ၁၃                ၃၂ဝဝ        ၃၅ဝဝ            ၃၁ဝဝ           ၃၄ဝဝ၁၄               ၃၂ဝဝ         ၃၅ဝဝ            ၃၁ဝဝ           ၃၄ဝဝMIRT-DOT