Main menu

Background

ဒီတစ်ပတ် နို့်ဆီတစ်မျိုးတည်းဝင်

Sun, 01/16/2011 - 06:19 -- Anonymous (not verified)

ဒီတစ်ပတ် နို့်ဆီတစ်မျိုးတည်းဝင်                  ဇန်နဝါရီလ ပထမပတ်အတွင်း နို့ဆီ ၃၂၅ ဒသမ ၁၉၂ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၂၇၂၂၅ဝ ဖိုးကို ပင် လယ်ရေကြောင်းကနေ တင်သွင်း ခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ် ဖက်နိုင်ငံကတော့ စင်ကာပူနိုင်ငံပဲ ဖြစ် ပါတယ။်ပြီးခဲ့တဲ့ သတင်းပတ်နို့ဆီ အဝင် ၆၈ တန်ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင် မှာ တော်တော်များများ ပိုမိုတင်သွင်း လာတာတွေ့ရပါတယ်။ နို့စိမ်းကတော့ ပြီးခဲ့တဲ့ နှစ်ပတ်ဆက်တိုက် အသွင်းရှိခဲ့ တာကြောင့် ဒီတစ်ပတ်အသွင်း မရှိခဲ့ ပါဘူး။                      နို့မှုန့်အဝင်ကတော့ သြစတြေး လျနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ နို့မှုန့်တန်ချိန် ၅ ဒသမ ၂ တန် တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် နို့မှုန့်အသွင်းများ ခဲ့ပြီး ဒီတစ်ပတ်မှာ တော်တော်လျော့ နည်းပြီး တင်သွင်းလာတာ တွေ့ရပါ တယ်။ MIRT (DOT) နို့ဆီ၊ နို့စိမ်းပြန်လည်တင်သွင်းမှုရှိလာ              နှစ်သစ်ကူး အားလပ်ရက်ကာလ ဖြစ်တဲ့အတွက် ကော့သောင်းနယ်စပ်မှာ ကုန်သွယ်မှု ပြုနေသူများ ဌာနေပြန် ခြင်း၊ အားလပ်ရက်ခံစားခြင်းတို့ကြောင့် ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၄ ရက်ကာလအတွင်းက နို့ဆီ နို့စိမ်းတင် သွင်းမှုမရှိခဲ့ပေမဲ့ ယခု ဇန်နဝါရီလ ၅ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ တော့ ကော့သောင်းနယ်စပ်မှ ပြန် လည်တင်သွင်းမှုရှိလာတာတွေ့ရပါတယ်။ ယခုအပတ်မှာ နို့ဆီ ၉၉ တန်ကျော် (၅၂၃၃ ကာတွန်း)နဲ့ နို့စိမ်း ၃၇၅ တန် ကျော် (၁၉၈၁၅ ကာတွန်း)ကို တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၄၂ဝ၅၈ဝကျော် ကို တင်သွင်းနိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်က ပုံမှန်တင်သွင်းနေတဲ့ လိပ်ပြာနှစ်ကောင် တံဆိပ် နို့မှုန့် ၄ဝဝ ဂရမ်ထုတ်နဲ့ ၅ဝဝ ဂရမ်ထုတ်များ ၃၅ ဒသမ ၈ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဝ၁၉၃ဝ ကျော်ကို ယခုအပတ်မှာ တင်သွင်းခဲ့ ပါတယ်။ ယခင်အပတ်က ၅ဝဝ ဂရမ် ထုပ် ၂၃တန်သာ တင်သွင်းခဲ့တာမို့ ယခု အပတ်မှာ ၁၂ တန်ကျော် ပိုမိုတင်သွင်း နိုင်ခဲ့ပါတယ်။ MIRT (DOBT)