Main menu

Background

ယခုသီတင်းပတ်အတွင်း စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေး မြင့်တက်ဖွယ်ရှိ

Sun, 01/16/2011 - 06:27 -- Anonymous (not verified)

 ယခုသီတင်းပတ်အတွင်း စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေး မြင့်တက်ဖွယ်ရှိ                         ယခုသီတင်းပတ်အတွင်း မလေးရှားကုန်စည်ဒိုင် စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးမြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယခု သီတင်းပတ်အတွင်း စားအုန်းဆီကြမ်းဈေး တစ်တန် ရင်းဂစ် ၃၈ဝဝ နဲ့ ၄ဝဝဝ (ကန်ဒေါ်လာ ၁၂၄၃-၁၃ဝ၈) အကြား မြင့်တက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယရဲ့ ဝယ်လိုအားကောင်းမွန်ခြင်းက ရေရှည်မှာ စားအုန်းဆီ ကြမ်းဈေးကို တည်ငြိမ်စေပြီး ကာလတိုအတွင်းမှာတော့ ဝယ်လိုအား မြင့်တက် နိုင်ဖွယ် ရှိတယ်လို့ MIDF မှ သုတေသနပြုလုပ် ခန့်မှန်းထားပါတယ်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံက စားသုံးမှု ၈ ရာခိုင်နှုန်းတိုးတက်နိုင်ပြီး အိန္ဒိယက ၁ဝ ရာခိုင်နှုန်း တိုးတက်နိုင်တယ်လို့လည်း ဆိုပါတယ်။ လာမယ့် ဖေဖော် ဝါရီလ ၃ ရက်မှာ ကျရောက်မယ့်တရုတ်နှစ်သစ်ကူး အတွက် ဝယ်လိုအား ခိုင်မာ လာဖွယ်ရှိလို့ ယခုနှစ် ပထမ ၃ လအတွင်း တစ်တန်ကို ရင်းဂစ် ၄ဝဝဝ(ကန်ဒေါ် လာ ၁၃ဝ၈) ထိမြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်း ပတ်မှာတော့ အခြားကုန်စည်ဈေး ကျဆင်းခြင်းနဲ့အတူ စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးလည်း ကျဆင်းလာတယ်လို့ ဆိုပါတယ်။                     ယခင်တစ်ပတ်အတွင်း ဇန်နဝါရီလကြိုပွိုင့်ဈေးဟာ ရင်းဂစ် ၁၄ (ကန်ဒေါ်လာ ၄ ဒသမ ၅၈) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၃၈ဝဝ (ကန်ဒေါ်လာ ၁၂၄၃) ဖြစ်ခဲ့ပြီး၊ ဖေဖော်ဝါရီလကြိုပွိုင့်ဈေးဟာ ရင်းဂစ် ၂ဝ (ကန်ဒေါ်လာ ၆ ဒသမ ၅၄) ကျဆင်းပြီး ရင်းဂစ် ၃၈ဝဝ (ကန်ဒေါ်လာ ၁၂၄၃) ကိုလည်းကောင်း၊ မတ်လဈေးက ရင်းဂစ် ၂၅ (ကန်ဒေါ်လာ ၈ ဒသမ ၁၈)ကျဆင်းပြီး ရင်းဂစ် ၃၇၆၃ (ကန်ဒေါ်လာ ၁၂၃၃) ကိုလည်းကောင်း၊ ဧပြီလကြိုပွိုင့်ဈေးဟာ ရင်းဂစ် ၃၃ (ကန်ဒေါ်လာ ၁၁) ကျဆင်းပြီး ရင်းဂစ် ၃၇၃၅ (ကန်ဒေါ်လာ ၁၂၂၂) ကို လည်းကောင်း ကျဆင်းခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာတော့ ဇန်နဝါရီ စာခုျပ် ဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၈၂ဝဝ (ကန်ဒေါ်လာ ၁၂၅ဝ) နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                            ယမင်းးခင်Source: Bernama