Main menu

Background

ဒီတစ်ပတ် နှမ်းတင်ပို့မှုလျော့ကျ

Sun, 01/16/2011 - 06:30 -- Anonymous (not verified)

ဒီတစ်ပတ် နှမ်းတင်ပို့မှုလျော့ကျ                 ယခုတစ်ပတ် (ဇန်နဝါရီ ၃ ရက်မှ ၉ ရက်) အတွင်း ပင်လယ်ရေ ကြောင်းက နှမ်းတန်ချိန် ၄ဝဝ သာလျော့ကျ တင်ပို့တာတွေ့ရပါတယ်။ ယခင် တစ် ပတ်က နှမ်းတန် ၅ဝဝ ခန့် တင်ပို့ရာမှ ယခုတစ်ပတ်မှာ လျော့ကျလာတာ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာတော့ နှမ်းအသစ်တွေ လှိုင်လှိုင်ဝင်ရောက် နေသလို တရုတ်ဘက်ကလည်း အဆွဲသွက်လာလို့ အရောင်းအဝယ်ဖြစ် ဈေးတက် နေတာတွေ့ရပါတယ်။ ဒါပေမဲ့ ပင်လယ်ရေကြောင်း တင်ပို့မှုကတော့ အကျဘက် ဆင်းနေတာတွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ကိုရီးယား၊ စင်ကာပူ၊ ဂျပန်နဲ့ တရုတ်တို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ သိပ္ပံ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၈၄ဝ-၁၈၉ဝ၊ ရိုးရိုးနှမ်းနက်တစ်တန်ကို ကန် ဒေါ်လာ ၁၄၈ဝ-၁၅၃ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃၃ဝ-၁၃၈ဝ အသီးသီး ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT