Main menu

Background

နှမ်းရောင်စုံတင်ပို့မှု နှမ်းအနည်းငယ်ပို့

Sun, 01/16/2011 - 06:33 -- Anonymous (not verified)

နှမ်းရောင်စုံတင်ပို့မှု နှမ်းအနည်းငယ်ပို့                      မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ သန်းကျော် တန်ဖိုးရှိ နှမ်းရောင်စုံတန် ၁၇ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းအမျိုးအစား အလိုက် တင်ပို့နိုင်မှုကတော့ နှမ်းဖြူ ၂ဝ၆ တန်ကျော်၊ နှမ်းနက် ၁ဝ၅၂ တန်ကျော်နဲ့ နှမ်းအခွံချွတ် ၄၄၉ တန်တို့ ဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ် (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေ ဟော် နယ်စပ်စခန်းများမှ နှမ်း ၁၅၇ဝ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၁၃ဝ ကျော်တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ပြည်တွင်းနှမ်းဈေးမှာ နှမ်းဖြူ တစ်တန် အလတ် ကျပ် ၉ ဒသမ ၂၅ သိန်းနှင့် အရည်အသွေးကောင်းရင် ကျပ် ၉ ဒသမ ၈ဝ သိန်း၊ နှမ်းနက် အညံ့ကျပ် ၁ဝ ဒသမ ၈၈ သိန်းနဲ့အရည်အသွေးကျပ် ၁၄ ဒသမ ၁ဝသိန်း ဝန်းကျင် ရှိပါတယ်။ ယခုရက်ပိုင်းအတွင်း တရုတ် နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ် ဝယ်လိုအားရှိပြီး ရွှေလီ မှာတော့ ယွမ် ၁၂၅ဝဝ နဲ့ ဝယ်ယူလာပြီး လဆန်းပိုင်းက ထက် ယွမ် ၅ဝဝ ခန့် ပိုမြင့်တယ်လို့ သိရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ် နှမ်း မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်။                                                        မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု         ယခင်         ပြောင်းလဲမှု        %          ယခု             ယခင်             ပြောင်းလဲမှု          %နှမ်းဖြူ           ၁၁၃၈၆ဝ၂    ၁၁၅၈၂၄၇   ၁၉၆၄၆           ၁ .၇      ၁၂၅၂           ၁၃၁၈                ၆၆                   ၅နှမ်းနက်        ၁၅၅၁၃၂၂    ၁၅၁၁၅၁၈    ၃၉၈ဝ၄          ၂ .၅       ၁၇၈ဝ           ၁၅၉ဝ               ၁၉ဝ                ၁ဝ                                                                                                                                                MIRT (DOBT)