Main menu

Background

အဝင်နည်း၍ ဈေးမြင့်လာတဲ့ ပြည်ဆောင်းနှမ်း

Sun, 01/16/2011 - 06:36 -- Anonymous (not verified)

အဝင်နည်း၍ ဈေးမြင့်လာတဲ့ ပြည်ဆောင်းနှမ်း              ပြည်ဈေးကွက် နှမ်းအရောင်းအဝယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ မင်းတုန်း၊ ကံမနဲ့အောင်လံဘက်မှ ယခင်မိုးနှမ်းလှိုင်လှိုင်ပေါ်ချိန်တွင် တစ်နေ့လျှင် အိတ် ၁၅ဝဝ ခန့်အထိ အဝင်ရှိသော်လည်း ယခုမိုးနှမ်းကုန်၍ ဆောင်း နှမ်းပေါ်ချိန်တွင် တစ်နေ့လျှင် အိတ် ၄ဝဝ မှ ၅ဝဝ အထိသာ အဝင်ရှိပြီး နှမ်းဈေးမှာ လည်း အနည်းငယ်တက်လျက်ရှိပါတယ်။ နှမ်းနီကို မြို့ခံဆီစက်များမှ ပုံမှန်အဝယ် ရှိနေသဖြင့် နှမ်းနီ ၄၅ ပိဿာ ဝင်တစ်အိတ်လျှင် ၇၄ဝဝဝ ကျပ်ဈေးဖြင့် ယခင် အပတ်ထက် ဈေးမြင့်လာပါတယ်။ နှမ်းနက်ဈေးအနေနဲ့ ကတော့ ယခင်အပတ် အတိုင်း ဈေးငြိမ်နေပါတယ်။ နှမ်းနက်ကို ရန်ကုန်တိုင်း ဒေသကြီးသို့ ဒီဇင်ဘာလအတွင်းက အိတ် ၁၄ဝဝ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဆွေဆွေမင်း