Main menu

Background

ဆောင်းမြေပဲအတွက် အားတက်ဖွယ်

Sun, 01/16/2011 - 06:42 -- Anonymous (not verified)

ဆောင်းမြေပဲအတွက် အားတက်ဖွယ်                    ပြည်ဈေးကွက်တွင် မိုးမြေပဲတွေပြီးစီးလို့ ဆောင်းမြေပဲတွေ စတင်ထွက်ရှိလာပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ ကုန်သည်တွေအနေနဲ့ မြေပဲအတောင့်တွေကို (ပြည်) တင်းအလိုက် ရောင်းချလျှက် ရှိပါတယ်။ ဆီထွက်နှုန်းမကောင်းတဲ့ မြေပဲကိုပြုတ်စားရန်အတွက်ရောင်းချကြပါတယ်။ ဆောင်းမြေပဲ အထွက်စောစောရရှိတဲ့ တောင်သူတွေအနေနဲ့ ဆီစက်တွေ၊ ပွဲရုံတွေကိုတင်ပို့ရောင်းချလျက် ရှိပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ မှာ ဆောင်းမြေပဲစိုက်ပျိုးမှုဟာ ၉၄၆၄၄ ဧကရှိတဲ့အတွက် အားတက် ဖွယ်ဖြစ်ပြီး၊ တိုင်းတွင်းစားသုံးမှု အတွက်လည်း ပိုလံျှမှာဖြစ်ပါတယ်။ ပြည်ဈေးကွက်မှာ မြေပဲတောင့် တစ်တင်းကို ၆၅ဝဝ ကျပ်ရှိပြီး၊ မြေပဲဆီတစ်ပိဿာကို ၃၅ဝဝ ကျပ်၊ မြေပဲဆံတစ်ပိဿာကို ၁၅ဝဝ ကျပ်ရှိကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းကို မကွေးတိုင်း၊ အောင်လံမြို့မှ မြေပဲဆံအိတ်များ တင်ပို့လျက် ရှိပါတယ်။ မကွေးတိုင်းမှ ဝင်လာသော မြေပဲတွေကိုတော့ ပြည်မြို့ရှိဆီစက်များနဲ့ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါတယ်။ အိအိခိုင်