Main menu

Background

မတ်ပဲလက်ရှိဈေးဝန်းကျင်မှာ အတက်အဆင်းဖြစ်နေ

Sun, 01/16/2011 - 07:01 -- Anonymous (not verified)

အိန္ဒိယမြောက်ပိုင်း အအေးလွန်ကဲမှုကြောင့် ကောက်ပဲသီးနံှ များ ပျက်စီးခဲ့ရတဲ့အတွက် စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်လျက်ရှိ တယ်လို့ ဆိုပါတယ်။ ယခုသီတင်းပတ်အတွင်း ပဲမိုျးစုံဈေးနှုန်း ယခင် ပတ်နဲ့နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်းခန့်သက်သာပေမဲ့ ဟင်းသီးဟင်း ရွက်ဈေးက ၇ဝ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။  မတ်ပဲလက်ရှိဈေးဝန်းကျင်မှာ အတက်အဆင်းဖြစ်နေ            ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်များမှာ မတ်ပဲ ဈေးက လက်ရှိဈေးဝန်းကျင်မှာပဲ အတက်အဆင်း ဖြစ်နေပါတယ်။ အချို့ဈေးကွက်တွေမှာ ဈေးအမြင့်မှာ ရောက်နေတဲ့ ဒေစီမတ်ပဲကို ဝယ်လိုအား နည်းလို့ဈေးလျော့ကျပေမဲ့ ဈေးကွက်အများစုမှာတော့ ပဲအသစ်ဝင်ရောက်မှု မရှိသလောက်ဖြစ်နေတဲ့အတွက် ဈေးကျဆင်းမှု ကို ကန့်သတ်စေပါတယ်။ မြန်မာမတ်ပဲအသစ်များ အိန္ဒိယဈေးကွက် တွေကို ဖေဖော်ဝါရီလပထမပတ်မှာ ဝင်ရောက်မယ်လို့ မျှော်မှန်း လျက်ရှိပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးကောင်း မတ်ပဲခွဲခြမ်းတွေ ဝယ်လိုအား ကောင်းနေတာကတော့ ဈေးနှုန်းမြင့် တက်ဖို့ဖြစ်စေပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ဒီဇင်ဘာလအစောပိုင်း က မိုးရွာသွန်းမှုကြောင့် အထွက်လျော့ကျမယ့် အလားအလာများ ကတော့ ဈေးနှုန်းထပ်မံမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေမယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁) နဲ့ ဖော်ပြထားပါတယ်၊ဇယား-၁                                                                                                            ဒေါ်လာ/တန်  ဈေးကွက်                          ၁၃ .၁ .၁၁                ၁၂ .၁ .၁၁                ၁၁ .၁ .၁၁                ၁ဝ .၁ .၁၁မွန်ဘိုင်း                            ၉ဝ၂-၉ဝ၈                      ၉ဝ၈                ၈၈၃-၈၉၉                  ၈၈ဝ-၈၉၇ဒေလီ                                    ၉ဝ၈                        ၉၁၉                       ၉ဝ၅                        ၉၂၄ချန်နိုင်း                            ၉၁၉-၁၁၄ဝ               ၉၁၉-၁၁၄ဝ             ၉၁၆-၁၁ဝ၃              ၉၁၃-၁၁၁၁