Main menu

Background

ဈေးမြင့်နေပေမဲ့ အထွက်နှုန်းကျလို့ တင်ပို့မှုလည်းလျော့

Sun, 01/16/2011 - 07:28 -- Anonymous (not verified)

ဈေးမြင့်နေပေမဲ့ အထွက်နှုန်းကျလို့ တင်ပို့မှုလည်းလျော့                  ဇန်နဝါရီ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၂၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁ဝ၁၆ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ သုံးပုံနှစ်ပုံခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ရော်ဘာဈေးနှုန်းများမြင့်တက်နေပေမဲ့ အထွက်နှုန်းကျတဲ့ ရာသီဖြစ်တာကြောင့် တင်ပို့မှုလျော့နည်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများကတော့ မလေးရှားကို RSS-3 တန် ၄ဝ၊ RSS-5 တန် ၄ဝ၊ စင်္ကာပူကို MSR-20 ၂ဝ၁ တန်နဲ့ အိန္ဒိယကိုRSS-3  တန် ၄ဝ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့တဲ့ FOB  ဈေးနှုန်း ကတော့RSS-3  တစ်တန် ၄၅ဝဝ ဒေါ်လာ၊RSS-5 တစ်တန် ၄၄ဝဝ ဒေါ်လာနဲ့၊ MSR-20  တစ်တန် ၄၅ဝဝ ဒေါ်လာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW