Main menu

Background

နယ်စပ်မှာ ရော်ဘာဈေးကောင်းရနေ

Sun, 01/16/2011 - 07:29 -- Anonymous (not verified)

နယ်စပ်မှာ ရော်ဘာဈေးကောင်းရနေ               ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ရော်ဘာအဆင့်စုံ ၈၅၇ တန်ခန့်ကို မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်တို့မှ ကန်ဒေါ်လာ ၃ သန်းကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်အလိုက် တင်ပို့မှုများကတော့ RSS-1 ၉ ဒသမ ၅တန်၊ RSS-3 ၃၂၆ ဒသမ ၄၆တန်၊RSS-5 ၃ဝ တန်၊ MSR-20 ၁၄၅ ဒသမ ၈ တန်နဲ့MSR-50 ၁၃၂တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၃၁၈ သန်းဖိုးနဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS-3၂၁၃ ဒသမ ၂၃ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၇၈၆သန်းဖိုး အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေ ဟော် နယ်စပ်များအပြင် မြိတ်နဲ့ကော့သောင်းနယ်စပ်များကလည်း တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ ယခင်အပတ် ကထက် ရော်ဘာတင်ပို့နိုင်မှုမှာ တန် ၇ဝ ပိုမိုခဲ့ပါတယ်။ တရုတ်ဈေးကွက်မှာ ရော်ဘာဝယ်ဈေး ယခင်အပတ်ကRSS-3 တစ်တန် ယွမ် ၂၉ဝဝဝ မှ ယခုအပတ်တွင် ယွမ် ၃ဝဝဝဝ သို့လည်းကောင်း၊RSS-5 တစ်တန် ယွမ် ၂၇ဝဝဝ ယခုအပတ်တွင် ယွမ် ၂၉ဝဝဝ ထိ ဈေးနှုန်းတိုးမြင့်ဝယ်ယူလာလျက်ရှိပါတယ်။ နိုင်ငံတကာ ဝယ်ဈေးမြင့်တက်ခြင်း၊ အဝယ်လိုက်ခြင်း တို့ကြောင့် ပြည်တွင်း ရော်ဘာဈေးမှာလည်း မြင့်တက်လျက်ရှိပါတယ်။ ယခုဘဏ္ဍာနှစ်မှာ တရုတ်မှ ပြန်လည်သိုလှောင်ရန်အတွက်နဲ့ စက်မှုလုပ်ငန်းများအတွက် ရော်ဘာလိုအပ်ချက် များပြားနေရာ ဆက်လက် တင်ပို့နိုင်တဲ့ အနေအထားကို တွေ့ရှိရပါတယ်။               မိမိဘက်မြေပြင် ရော်ဘာပေါက်ဈေးများ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိသော်လည်း တစ်ဖက်နိုင်ငံတွင် RSS-5 တစ်တန်ပေါက်ဈေးမှာ ယခင်အပတ်ကထက် ဒေါ်လာ ၁၆ဝ ကျော်ကျခဲ့ပြီး RSS-3 မှာ ဒေါ်လာ ၁၄ဝ မြင့်တက် ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံရော်ဘာ ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။                                                မိမိဘက်(ကျပ်/တန်)                                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု           ယခင်           ပြောင်းလဲမှု           %          ယခု          ယခင်       ပြောင်းလဲမှု       %RSS(5)               ၃၇၂၂၅၁ဝ   ၃၇၂၂၅၁ဝ                                           ၄၂၃၅           ၄၃၉၈        ၁၆၃           ၄RSS(3)               ၃၉၅၅၃၁ဝ   ၃၉၅၅၃၁ဝ                                           ၄၃၈၆            ၄၂၄၆         ၁၄ဝ           ၃MIRT (DOBT)