Main menu

Background

မွန်ပြည်နယ်ရော်ဘာဈေးဆက်လက်မြင့်တက်

Sun, 01/16/2011 - 07:36 -- Anonymous (not verified)

မွန်ပြည်နယ်ရော်ဘာဈေးဆက်လက်မြင့်တက်                  နှစ်သစ်ဦးလရဲ့ ပထမပတ်အတွင်း RSS-3တစ်ပေါင် ၁၆၂၅ ကျပ်၊ RSS-5 တစ်ပေါင် ၁၅၂၅ ကျပ်ဖြင့် အေးနေတဲ့ရော်ဘာပြည်တွင်းဈေးနှုန်းဟာ ဒုတိယပတ်ကုန်ဆုံးခါနီးမှာRSS-3 တစ်ပေါင် ၁၆၅ဝ ကျပ်ထိ တိုးမြင့်လာပြီး၊ RSS-5  မှာမူ ပြောင်းလဲမှုမရှိကြောင်းတွေ့ရှိရပါတယ်။ တင်ပို့မှုပမာဏမှာ ယခုလ ၁ဝ ရက်နေ့ထိ ၃၁၁ဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။               စိုက်ပျိုးထုတ်လုပ်မှုအနေနဲ့ ယခုနှစ်ဒီဇင်ဘာလကုန်ထိ ၈ဝ၇၆၂ တန်ထွက်ရှိခဲ့ပြီးဖြစ်ရာ ယခင်နှစ် တစ်နှစ်လုံး ထွက်ရှိမှုထက် တန်ချိန်ပေါင်း ၈၁ဝ၁ တန်ပိုမိုလာတယ်လို့သိရပါတယ်။                                                   အောင်လွင်