Main menu

Background

ယခုအပတ် နံှစားပြောင်း နယ်စပ်က မပို့

Sun, 01/16/2011 - 07:46 -- Anonymous (not verified)

ယခုအပတ် နံှစားပြောင်း နယ်စပ်က မပို့                    မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းများ တစ်ဆင့် ကန်ဒေါ်လာ ၃ သန်းကျော်တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၁၆၄ဝ တန်ကျော်၊ တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် မှာ နံှစား ပြောင်း တင်ပို့နိုင်ခြင်းမရှိတဲ့အပြင် ပြောင်းဖူးစေ့တင်ပို့မှုမှာလည်း ယခင်အပတ် ကထက် တန်ချိန် ၂၆ဝဝ တန်လျော့နည်းခဲ့ပါတယ်။ ယခုနှစ်မှာ ပြောင်းစိုက်ပျိုး ထွက်ရှိမှုများတဲ့အတွက် ပြည်တွင်းဈေးရော ဝယ်ဈေးများ လျော့နည်းနေပါတယ်။ လက် တလောမှာ တရုတ်မှာလည်း ပြောင်းပေါ်စရာသီဖြစ်တဲ့အတွက် သိုလှောင် ထားမှုများရှိတာကြောင့် အကျဈေးနဲ့ပင် ရောင်းချရလျက်ရှိပါတယ်။ ပြောင်းရာသီ ကုန်ဆုံးမဲ့ မတ်လနောက်ပိုင်းကာလ ရောက်မှသာ ဈေးပြန်မြင့်တက် လာနိုင်တဲ့ အနေအထားရှိကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ်မှာ မိမိဘက်မှ စိုက်ပျိုး ထွက်ရှိမှုနဲ့ တရုတ်ဝယ်လိုအားအရ ပိုမိုတိုးတက်တင်ပို့နိုင်မယ်လို့သိရပါတယ်။ ပြောင်းဖူးစေ့မှာ ယခင်အပတ်ကထက် မိမိဘက်မြေပြင်ဈေး တစ်တန်ကို ၃၉ဝဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံမှာမူ ၄ ဒေါ်လာခန့် လျော့ကျခဲ့ပါတယ်။ ယခုအပတ် ပြောင်းဖူးစေ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ် -                                                          မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု              ယခင်                 ပြောင်းလဲမှု   %           ယခု        ယခင်    ပြောင်းလဲမှု     %ပြောင်းဖူးစေ့     ၂၂၁၅၁၉          ၂၂၅၄၂၉               ၃၉ဝဝ          ၂            ၂၆၉       ၂၇၃            ၄MIRT (DOBT)