Main menu

Background

ပုသိမ်-မုံရွာ ကတ္တရာလမ်းမကြီး ဖွင့်လှစ်

Sun, 01/16/2011 - 08:09 -- Anonymous (not verified)

ပုသိမ်-မုံရွာ ကတ္တရာလမ်းမကြီး ဖွင့်လှစ်                 ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ၄၅ဝ မိုင် ၅ ဖာလုံအရှည်လမ်းမကြီး ကို အချိန်တိုတွင်း လျင်မြန်စွာ သွားလာနိုင်ရေးအတွက် ကတ္တရာလမ်းမကြီး တိုးတက်ပြုပြင်ခြင်းကို ၂ဝ၁ဝ ခုနှစ် ဇွန်လဆန်းက စတင်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလကုန်မှာ ဆောင်ရွက်ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။            ပုသိမ်-မုံရွာ ကတ္တရာလမ်းမကြီးကို အပိုင်း လေးပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိရာ ကံကလေးလမ်းဆုံ အပိုင်း-၁၊ ဧရာဝတီတိုင်းဒေသကြီး အုန်း ရှစ်ပင်လမ်းဆုံ အပိုင်း-၂၊ ပဲခူးတိုင်းဒေသကြီး ပဒါန်းလမ်းဆုံအပိုင်း-၃၊ မကွေးတိုင်းဒေသကြီး မုံရွာ-ကလေးဝလမ်းဆုံအပိုင်း-၄၊ စစ်ကိုင်းတိုင်းဒေသကြီး လမ်းအပိုင်း လေးပိုင်းတို့ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ကြောင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး လမ်းအပိုင်း-၁ ကို ခရိုင် သုံးခရိုင် အထူးအဖွဲ့ သုံးဖွဲ့၊ ကုမ္ပဏီ ခြောက်ခုနဲ့ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။                                                                                         မင်းမင်းဦး