Main menu

Background

အဝေးပြေးယာဉ်လိုင်းများနှင့် ကုမ္မဏီကြိုပို့ယာဉ်များအား ကားသစ်များ အသုံးပြုမှုများပြား

Sun, 01/16/2011 - 08:13 -- Anonymous (not verified)

 အဝေးပြေးယာဉ်လိုင်းများနှင့် ကုမ္မဏီကြိုပို့ယာဉ်များအား ကားသစ်များ အသုံးပြုမှုများပြား                  အဝေးပြေးယာဉ်လိုင်းများသာမက ကုမ္ပဏီဝန်ထမ်း အကြိုအပို့ယာဉ်များ ကို အသုံးပြုုရာတွင် ယခင်ကကဲ့သို့ ကားဟောင်းများ အသုံးပြုခြင်း မပြု တော့ဘဲ ကားသစ်များကို အသုံးပြုမှု များပြားလာကြောင်း သိရသည်။ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ခရီးသည် တင်ကားများ တင်သွင်းခြင်းကို သတ်မှတ်ချက်များနဲ၊အညီ လွတ်လပ်စွာ တင်သွင်းခွင့်ပြုပြီးနောက်ပိုင်း ယခုကဲ့သို့ ကားသစ်များကို အသုံးပြုလာနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ''ကားသစ် ဖြစ်ရမည်၊ ဘယ်မောင်းဖြစ်ရမည် စတဲ့ စည်းကမ်းချက်တွေနဲ့ညီရင် တင်သွင်းမှု ခွင့်ပြုထားပါတယ်။ အဲဒီခွင့်ပြုချက် ပြုပြီးနောက်ပိုင်းမှ အဝေးပြေးယာဉ်တွေ ရော ကုမ္ပဏီပိုင်ကားတွေပါ ကားသစ် တွေ အသုံးပြုလာနိုင်တာပါ''ဟု ကား တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးကပြော ကြားသည်။ လက်ရှိတွင် အဝေးပြေး ယာဉ်လိုင်းများတွင် ကိုရီးယားနိုင်ငံ ထုတ် အဝေးပြေးယာဉ်များကို အသုံးပြု မှုများပြားပြီး ရွှေမန်းသူ အဝေးပြေး ယာဉ်လိုင်းသည် တရုတ်နိုင်ငံထုတ် ကားများကို အသုံးပြုလျက်ရှိကြောင်း၊ ထို့အပြင် ပုဂ္ဂိကဘဏ်များသည် ဝန်ထမ်း ကြိုပို့ယာဉ်များအသုံးပြုရာတွင် ကိုရီးယားနိုင်ငံထုတ် ယာဉ်များကို အသုံးပြုလျက်ရှိကြကြောင်း၊ အဆိုပါ ကားများသည် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီသည့်အပြင် တန်ဖိုးအားဖြင့် ဈေးနှုန်းသင့် တင့်သည့် အနေအထားတွင် ရှိကြ ကြောင်း၊ အဝေးပြေး ယာဉ်လိုင်းများ သည် ဈေးကွက်အနေအထားအရ ကျပ်သိန်း ၁ဝဝဝ ဝန်းကျင် ကားများ ကိုသာ အသုံးပြုနိုင်ကြပြီး ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် အဝေးပြေးယာဉ်များနှင့် ဈေးနှုန်းတူညီမှုရှိကြကြောင်း၊ သို့သော် ကိုရီးယားနှင့် တရုတ်နိုင်ငံထုတ် ကား များသည် ကားသစ်များဖြစ်ခြင်းနှင့် သုံးစွဲထားသည့် ပစ္စည်းများသည် အသစ်များဖြစ်ခြင်းကြောင့် ပိုမိုသုံး စွဲကြခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် လမ်းကြမ်းခရီးစဉ်များ ၌ ကားဟောင်းများနှင့် လေးအသုံးပြု ထားသည့်ကားသစ်များသာ အသုံးပြု ကြရကြောင်း သိရသည်။ ကိုဖြိုး