Main menu

Background

အရစ်ကျစနစ်ဖြင့် အိမ်ရာရောင်းချမှု ဝယ်သူစိတ်ဝင်စားမှုရှိနေ

Sun, 01/16/2011 - 08:22 -- Anonymous (not verified)

 အရစ်ကျစနစ်ဖြင့် အိမ်ရာရောင်းချမှု ဝယ်သူစိတ်ဝင်စားမှုရှိနေ                အိမ်ရာဈေးကွက်အတွင်း အရစ်ကျစနစ်ဖြင့် အိမ်ရာ၊ တိုက်ခန်း ရောင်းချ မှုများကိုဝယ်ယူသူများက ပိုမိုစိတ်ဝင်စားလာ ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီများက သိရသည်။ ''အရောင်းပြပွဲတွေမှာ တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတာကို လူတွေပိုစိတ်ဝင်စားလာတာကို တွေ့ ရတယ်။ ဒါကြောင့် အိမ်ရာပြခန်း အရောင်းပွဲတော်တွေနဲ့အတူ အရစ်ကျစနစ်နဲ့ ရောင်းချမှုတွေပိုပြီးပြုလုပ်ရောင်းချ လာကြ တယ်။ အရစ်ကျစနစ်နဲ့ဝယ်ယူဖို့ကို ငွေတတ်နိုင်သူရော၊ ငွေမတတ်နိုင်သူပါ ဝယ်ယူကြတာတွေ့ရတယ်။ အချို့စီးပွားရေး သမားတွေက တိုက်ခန်းကို အရစ်ကျနဲ့ဝယ်ပြီး ကျန်တဲ့ငွေကို စီးပွားရေးလုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နံှလို့ရတယ်ဆိုတဲ့အတွေး နဲ့ ဝယ်သူလည်းရှိတယ်။ အချို့ တစ်ခန်းလုံးဝယ်ဖို့ ငွေကြေးမတတ်နိုင်သူကျပြန်တော့ အလုပ်လုပ်ရင်း ငွေသွင်းသွားလို့ရ တာကြောင့် ဝယ်ယူလာကြတယ်။ အရစ်ကျစနစ်နဲ့ ရောင်းတဲ့တိုက်ခန်းတန်ဖိုးက ကျပ်သိန်း ၁ဝဝ ကနေ ၁၅ဝဝ အထိပါဝင် လာသလို အရစ်ကျစနစ်ကိုလည်း ၂ ရစ်၊ ၃ ရစ်၊ ၄ ရစ်အထိ ပုံစံတွေထွင်ရောင်းလာကြတယ်။ အဲဒီစနစ်ကြောင့် လူတန်းစားအစုံ ဝယ်ယူလာနိုင်တယ်" ဟုကျောက်တံတားမြို့နယ်အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးကပြောသည်။