Main menu

Background

ထိုင်းချင်းအသစ်များ ဈေးကွက်အတွင်းဝင်ရောက်လို့ ပြည်ပတင်ပို့မှု စတင်တော့မယ်

Sun, 01/16/2011 - 08:33 -- Anonymous (not verified)

  ထိုင်းချင်းအသစ်များ ဈေးကွက်အတွင်းဝင်ရောက်လို့ ပြည်ပတင်ပို့မှု စတင်တော့မယ်                    ယခုနှစ် ထိုင်းရဲ့ ချင်းအသစ်များ တူးဖေါ်နေပြီဖြစ်ပြီး လာမယ့်သီတင်း ပတ် ဇန်နဝါရီ ဒုတိယပတ်မှာ ရင့်မှည့်ချင်းများ ပြည်ပတင်ပို့မှု စတင်တော့မယ်လို့ သိရပါတယ်။ ထိုင်းချင်းဟာ အရည်အသွေးမြင့်မားပြီး တရုတ်ဝယ်လက်များ ပိုမိုကြိုက်နှစ်သက်ကြတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ယခုနှစ်အတွင်း ချင်းအထွက် လျော့ပြီး ပြည်တွင်းဝယ်လိုအားတက်တာကြောင့် ချင်းဈေးနှုန်း မတည် မငြိမ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံလို အခြားတင်ပို့နိုင်ငံတွေက ချင်း အသစ်များ ၂ဝ၁၁ ကမ္ဘာ့ဈေးကွက်မှာ ပိုမိုအရေးပါလာဖွယ်ရှိတယ်လို့ မျှော်လင့်နေ ကြပါတယ်။                    လွန်ခဲ့တဲ့ ခုနှစ် နှစ်ကျော်က ချင်းစိုက်ပျိုးထုတ်လုပ်တဲ့Exoriens ကုမ္ပဏီ ဟာ ထိုင်းချင်းတင်ပို့သူတွေထဲမှာ အောင်မြင်မှု ရရှိသူဖြစ်ပြီး တောင်သူနဲ့ ဝယ်လက် များရဲ့ အကိုျးရရှိရေး ခေတ်မီ စိုက်ပျိုးမှုနဲ့ ထုတ်လုပ်စက်ရုံများ တည်ထောင်ဖို့ ကူညီလျက်ရှိပါတယ်။ ခေတ်မီထုပ်ပိုးအဆောက်အအုံများနဲ့ GAP စနစ်နဲ့ ထုတ်လုပ် တဲ့ ချင်းအားလုံးကို ရောင်းချတာဖြစ်လို့လည်း အောင်မြင်နေခြင်းဖြစ်တယ်လို့ ဆိုပါ တယ်။                  ထိုင်းနိုင်ငံရဲ့ ချင်းအသစ်ရာသီဟာ ဒီဇင်ဘာလမှ မတ်လအထိဖြစ်ပြီး ရာသီ ပြင်ပ ဧပြီလနဲ့ နိုဝင်ဘာလအတွင်း သင်္ဘောတင်ပို့ဖို့ Exoriens ကုမ္ပဏီမှ ချင်းများကို အပူအအေးထိန်းချုပ်ပေးတဲ့ သိုလှောင်ရုံများမှာ ထိန်းသိမ်းတင်ပို့တယ်လို့ သိရပါတယ်။                                                                                    ယမင်းခင်၊ှSource: freshplaza