Main menu

Background

ဈေးကွက်ကိုတစိမ့်စိမ့်ဝင်တဲ့ ရှမ်းနနွင်းသစ်

Sun, 01/16/2011 - 08:40 -- Anonymous (not verified)

 ဈေးကွက်ကိုတစိမ့်စိမ့်ဝင်တဲ့ ရှမ်းနနွင်းသစ်                 အောင်ပန်းဈေးကွက်မှာ နနွင်းအသစ်က ဈေးကွက်ကို တစိမ့်စိမ့်ဝင်နေပါတယ်။ ပင်လောင်းကထွက်တဲ့ နနွင်း၊ ဆင်တောင်ကနနွင်းစသဖြင့် ဈေးကွက်ကို ဝင်လာနေတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ နနွင်းတွေမှာ ဟိုပုံးနနွင်း၊ ဆင်တောင်နနွင်းက နာမည်ကြီးပါတယ်။ နနွင်းဈေးကွက်မှာတော့ ကျောက်ဆည်နနွင်းက အကောင်းဆုံးဖြစ်ပြီး၊ ဒုတိယက ဆင်တောင်နနွင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆင်တောင်နနွင်းက အထွက်နှုန်းနည်းပါတယ်။ တစ်နှစ်ကို ပိဿာချိန် ၂ သိန်း ၊ ၃ သိန်းခန့်သာ ထွက်တယ်လို့ သိရပါတယ်။ ယခုလတ်တလောအောင်ပန်းဈေးကွက်မှာ ဆင်တောင် နနွင်းက လက်လီဈေးတစ်ပိဿာ ၄ဝဝဝ ကျပ်ရှိပြီး လက်ကားဈေးကတော့ တစ်ပိဿာ ကျပ် ၃ဝဝဝ မှ ၃၂ဝဝ ဈေးရှိပါ တယ်။ နနွင်းသစ်(ခြောက်) က တစ်ပိဿာ ကျပ် ၂ဝဝဝ မှ ၂၂ဝဝ ဈေးရှိပြီး၊ နနွင်းခြောက် (ဟောင်း) က တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေးရှိပါတယ်။                 တောင်ကြီးဈေးကွက်မှာ ဟိုပုံးနနွင်းက (အစို) တစ်ပိဿာ ၃၅ဝ ကျပ်ဈေးရှိပြီး နနွင်းခြောက်ကိုတော့ ကြိုတင်ဝယ်၊ ရောင်းစနစ်နဲ့ တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်၊ မန္တလေး ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် တစ်ပတ် အတွင်း နနွင်းပိဿာချိန်ပေါင်း ၁ ဒသမ ၂ သိန်း အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                ဧဧခိုင်