Main menu

Background

အိန္ဒိယနနွင်းဈေး အကျဘက်ဆင်းလာပြီ

Sun, 01/16/2011 - 08:47 -- Anonymous (not verified)

 အိန္ဒိယနနွင်းဈေး အကျဘက်ဆင်းလာပြီ                 အိန္ဒိယနိုင်ငံ အီရော့ဈေးကွက်မှာ နနွင်းလက်ငင်းဈေး တစ်တန်ကို ရူပီး ၃၅ဝဝ-၅ဝဝဝ (ကန်ဒေါ်လာ ၇၇- ၁၁၁)ခန့် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ နနွင်းရာသီကုန်ဆုံးပြီဖြစ်လို့ နေ့စဉ်နနွင်းဈေး တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီလို့ ဝါရင့်ကုန်သည်တစ်ဦးဖြစ်တဲ့ Mr R. K Viswanathanက ပြောကြားပါတယ်။ နနွင်းတောင်သူ အများစု ဟာ ဈေးတက်မယ် မျှော်မှန်းပြီး လက်ရှိဈေးနဲ့ ရောင်းချဖို့ နှောင့်နှေးနေကြတယ်လို့လည်း ၎င်းကဆိုပါတယ်။                 ဒါပေမဲ့ ဈေးနှုန်းကတော့ တက်မလာတော့ဘူး၊ မကြာခင်ဈေးကွက်တွေထဲကို နနွင်းအသစ်တွေ ဝင်ရောက်လာတော့ မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ နီဇမ်မာဘတ်ဈေးကွက်အတွင်းကို နနွင်းအသစ်စတင် ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ဝယ်လက်တွေက နနွင်းဟောင်းတွေကို မဝယ်လိုတဲ့အတွက် ဈေးတဖြည်းဖြည်းကျလာခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။                  အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၉၇၃၆ဝ-၁၅၇ဝ၄ဝ (ကန်ဒေါ်လာ ၂၁၅၉-၃၄၈၂) နဲ့ နနွင်းဥဈေးက ရူပီး ၉၆ဝ၆ဝ-၁၅၅၇၉ဝ (ကန်ဒေါ်လာ ၂၁၃ဝ-၃၄၅၄) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းအိတ် ၁၂၅၆ အိတ် ဝင်ရောက်ခဲ့ပေမဲ့ ၆၁၈ အိတ်သာ ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ NCDEX  မှာ ဧပြီလစာချုပ်ဈေးဟာ တစ်တန်ကို ရူပီး ၁ဝ၄ဝ (ကန်ဒေါ်လာ ၂၃) ကျဆင်းပြီး တစ်တန်ကို ရူပီး ၁ဝဝဝဝဝ (ကန်ဒေါ်လာ ၂၂၁၇) ဖြစ်ပြီး မေလစာချုပ်ဈေးက ရူပီး ၁၁၂ဝ (ကန်ဒေါ်လာ ၂၅) ကျဆင်းပြီး ရူပီး ၉၅၅၈ဝ (ကန်ဒေါ်လာ ၂၁၁၉) ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                            ယမင်းခင်၊ှSource: businessline