တောင်ကြီးမှာ ပြောင်းဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးခုန်တက်
တောင်ကြီးကုန်စည်ဒိုင်စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ ပဲပုပ် ၁ ပိဿာ ၉ဝဝ ၉၃ဝ၂ ပြောင်း ၁ ပိဿာ ၂ဝဝ ၂ဝဝ၃ ပန်းနှမ်း(သစ်) ၁ ပိဿာ ၁၁၂ဝ ၁၁၂ဝ၄ ကြက်သွန်ဖြူ ၁ ပိဿာ ၃၈ဝဝ ၄၂ဝဝ ဆက်သွယ်ရန် ဖုန်း-ဝ၈၁-၂၄၈၉၅တောင်ကြီးမှာ ပြောင်းဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးခုန်တက် ပြောင်း ကဈေးကွက်သို့ ဝင်ရောက်မှု အားကောင်း နေသလို မန္တလေး-ရန်ကုန်ဝယ်လက်ကလည်း ယခင်အပတ်ဈေးဖြစ်တဲ့ တစ်ပိဿာကို ၂၅ဝ ကျပ်နဲ့တစ်ပတ်အတွင်း ပိဿာချိန် ၁၂၅ဝဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ကြက်သွန်ဖြူကို ရန်ကုန်နဲ့ နယ်ဝယ်လက်အစုံက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၄၂ဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာ ချိန် ၁၂ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲပုပ်ကိုလည်း မန္တလေး-ရန်ကုန် ဝယ်လက်က တစ်ပိဿာကို ၉၃ဝ ကျပ်နဲ့တစ်ပတ်အတွင်း ပိဿာချိန် ၁၂၅ဝဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ ဒေသခံပဲပုပ်ကုန်သည်တစ်ဦးက ဆိုပါတယ်။
