Main menu

Background

အာရှ ပစိဖိတ်ဒေသနေစွမ်းအင် လုပ်ငန်းကို အိန္ဒိယ က ဦးဆောင်

Mon, 01/17/2011 - 08:04 -- Anonymous (not verified)

 အာရှ ပစိဖိတ်ဒေသနေစွမ်းအင် လုပ်ငန်းကို အိန္ဒိယ က ဦးဆောင်                 လျှပ်စစ်စွမ်းအင် လိုအပ်ချက် လျင်မြန်စွာ ကြီးထွားနေခြင်းနဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် အိန္ဒိယအစိုးရရဲ့ ခိုင်မာတဲ့ သံန္နိဌာန်ချမှတ်ချက်တို့ကြောင့် အာရှပစိဖိတ်ဒေသမှာ နေစွမ်းအင် ဖော်ထုတ် အသုံးချတဲ့လုပ်ငန်းမှာ အိန္ဒိယနိုင်ငံက အရေးပါတဲ့အခန်းကဏ္ဍက ပါဝင် လာတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)ရဲ့ တောင်အာရှဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူးခုျပ်မှ ဇန်နဝါရီ ၁၄ ရက်က ပြောကြားပါတယ်။ အပြည်ပြည်ဆိုင်ရာနဲ့အမျိုးသားရေးအဆင့်နှစ်ခုစလုံးမှာ အိန္ဒိယ အစိုးရက ထောက်ပံ့မှုပေးတဲ့အတွက် နေစွမ်းအင်စီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက် လာပြီး နေစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးမှာ အိန္ဒိယနိုင်ငံက ရှေ့တန်းနေရာ ရောက်ရှိလာတယ်လို့ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်မှာ ကျင်းပတဲ့ အစည်း အဝေးတစ်ခုမှာ ညွှန်ကြားရေးမှူးချုပ် အိပ်ချ်စူလ်တန်ရာမန်က ပြောကြား ခဲ့ပါတယ်။              ချာရန်ကာနေစွမ်းအင်ဇုန် တည်ထောင်ဖို့အတွက် ဂူဂျာရတ် အစိုးရ အဖွဲ့က မြေဧရိယာဟက်တာ ၂၅ဝဝ သတ်မှတ်ထားပေးပြီးဖြစ် ကြောင်းနဲ့ ဒီစီမံကိန်းပြီးဆုံးရင် ကမ္ဘာပေါ်မှာ အကြီးဆုံးနေစွမ်းအင် စီမံကိန်း တစ်ခုဖြစ်လာမှာ ဖြစ်ကြောင်းပြောကြားပါတယ်။ ချာရန်ကာက ထုတ်လုပ်မဲ့ လျှပ်စစ်စွမ်းအား မဂ္ဂါဝပ် ၅ဝဝ ကို အမျိုးသား လျှပ်စစ်ကွန်ရက်နဲ့ပေါင်း ဆည်းဖို့ အဆိုပြုထားတဲ့ ချေးငွေဒေါ်လာ သန်း ၁ဝဝ ကို အေဒီဘီက ပေးသွားမှာ ဖြစ်ပါတယ်။             ၂ဝ၁၃ ခုနှစ်မှာ အာရှပစိဖိတ်ဒေသနေစွမ်းအင်ထုတ်လုပ်မှုကို ခြောက်ဆတိုးမြှင့်ပြီး၊ မဂ္ဂါဝပ် ၃ဝဝဝ ထုတ်လုပ်နိုင်ဖို့အတွက် အေဒီဘီက ရည်မှန်းချက်ချမှတ်ထားပါတယ်။ ဒီရည်မှန်းချက်ကို အကောင်အထည်ဖော် နိုင်ဖို့အတွက် အာရှနေစွမ်းအင်ကနဦးအစီအစဉ် (AEIA)ကို ၂ဝ၁ဝ ပြည့်နှစ် မေလက အေဒီဘီက ချမှတ်ထား ပြီးဖြစ်ပါတယ်။ ယခုနှစ်ကုန်မှာ ဒေသတစ်ခုလုံးရဲ့ နေစွမ်းအင်ထုတ်လုပ်မှုစွမ်းရည်ကို မဂ္ဂါဝပ် ၁ဝဝဝ အထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။              AEIA အစီအစဉ်ထဲမှာ အသိပညာပလက်ဖောင်းထူထောင်ရေး၊ အာရှနေစွမ်းအင်ဖိုရမ်ကျင်းပရေးနဲ့ နေစွမ်းအင်ဖွံ့ဖြိုးမှုတိုးမြှင့်ရေးစတဲ့ အစီအစဉ် တွေ ပါဝင်ပါတယ်။                         Source : asahi.com