Main menu

Background

အာဆီယံက ကိုယ်ပိုင် အင်တာနက်အိပ်ချိန်း ထူထောင်မည်

Mon, 01/17/2011 - 08:17 -- Anonymous (not verified)

 အာဆီယံက ကိုယ်ပိုင် အင်တာနက်အိပ်ချိန်း ထူထောင်မည်                     ၂ဝ၁၅ ခုနှစ်မှ အရှေ့တောင် အာရှနိုင်ငံတွေက သူတို့ရဲ့ ကိုယ်ပိုင် အင်တာနက် အိပ်ချိန်းကို ထူထောင်တော့မှာ ဖြစ်ပါတယ်။ ဒီလိုထူထောင်နိုင်မယ်ဆိုရင် အာဆီယံ အဖွဲ့တွင်း အင်တာနက် ချိတ်ဆက်တာကို လွယ်ကူ ချောမွေ့စေမှာ ဖြစ်တဲ့အပြင် ကုန်ကျစရိတ် ကိုလည်း လျှော့ချနိုင်တော့မှာဖြစ်ပါတယ်။ ဒီ ဆောင်ရွက်မှုက ဇန်နဝါရီ ၁၄ရက်က မလေးရှား နိုင်ငံကွာလာလမ်ပူမြို့မှာ စတင်ခဲ့တဲ့ အာဆီယံ အိုင်စီတီမဟာစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။                      အိုင်စီတီ မဟာစီမံကိန်းအရ အဓိက မဟာဗျူဟာတွေကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူမှု စီးပွားရေးပေါင်းစည်းမှု မြှင့်တင်ရေးနဲ့ အာဆီယံ ဒေသမှာ မှီတင်းနေထိုင်သူ ၆ဝဝ ခန့်ရဲ့နေထိုင်မှု ဘဝ မြင့်တက်ဖို့အတွက် ရည်မှန်းချမှတ် ထားပါတယ်။ ပါဝင်တဲ့ အစီအမံတွေကတော့ နည်းပညာနဲ့ အခြေခံအဆောက်အအုံ၊ လူသားအရင်း အမြစ် ဖွံ့ဖြိုးရေးနဲ့ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပေါင်းကူးနိုင်ဖို့အတွက် နိုင်ငံတိုင်းတတ်နိုင်တဲ့ ချဉ်းကပ်မှုမျိုးကို ရနိုင်ဖို့ ဖြစ်ပါတယ်။                       ဒေသတွင်းမှာရှိတဲ့ အချက်အချာမြို့ ကြီးတွေကို ချိတ်ဆက်ပေးမဲ့ အာဆီယံဘရော့ ဘင် ထူထောင်ဖို့ ဝန်ကြီးတွေက သဘောတူညီ ကြပါတယ်။ ဒီဘရော့ဘင်အရ ဆက်သွယ်မှု ထူးထူးခြားခြားကောင်းမွန်ဖို့အတွက် အာဆီယံ ကိုယ်ပိုင်အင်တာနက်အိပ်ချိန်းထူထောင်ဖို့လည်း ပါဝင်ပါတယ်။ အိပ်ချိန်းသစ်နဲ့ ပတ်သက်တဲ့ အသေး စိတ် အချက်အလက်တွေကို ပြုစုနေသလို မလေး ရှားနဲ့ စင်ကာပူတို့ ကလည်း roaming charges တွေကို Voice call  အတွက် ၃ဝ ရာခိုင်နှုန်း အချက်အလက်ဝန်ဆောင်မှုအတွက် ၅ဝ ရာခိုင်နှုန်း လျှော့ပေးမှာ ဖြစ်ပါတယ်။ အာဆီယံ ဆွေးနွေးဖက်နိုင်ငံတွေဖြစ်တဲ့အတွက် တရုတ်၊ တောင်ကိုရီးယားတို့ ကလည်း အာဆီယံ ရဲ့ အိုင်စီတီ မဟာစီမံကိန်းကို ထောက်ခံ အားပေးပါတယ်။                                                                                                   Sourec:CNA