Main menu

Background

တရုတ်နိုင်ငံက တရုတ်ရိုးရာ ဆေးသုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းကို မြှင့်တင်မည်

Mon, 01/17/2011 - 08:32 -- Anonymous (not verified)

 တရုတ်နိုင်ငံက တရုတ်ရိုးရာ ဆေးသုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းကို မြှင့်တင်မည်              တရုတ်နိုင်ငံက တရုတ်ရိုးရာဆေးရဲ့ ရိုးရာ အမွေအနှစ်ကို ထိန်းသိမ်းရင်း တီထွင်ပြောင်းလဲမှုတွေကို ပြုလုပ် သွားနိုင်ဖို့ ၂ဝ၁၁ ခုနှစ်မှာ တရုတ် ရိုးရာဆေး TCM ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဆင့် တိုး မြှင့်သွား မယ်လို့ အဆင့်မြင့်ကျန်းမာရေးအရာရှိတစ်ဦးက ပြောပါတယ်။ တရုတ်ရိုးရာဆေးဘက်ဆိုင်ရာ အမျိုးသားအဆင့် နှစ်ပတ်လည် အစည်း အဝေး မှာ တရုတ်ကျန်းမာရေးဒုတိယဝန်ကြီး Wang Guoqiang က ဇန်နဝါရီ ၁၃ ရက်နေ့က ပြောကြားပါတယ်။ ရိုးရာအမွေခံထိန်းသိမ်းရေးအတွက် တရုတ် ရှေးဟောင်းရိုးရာ ဆေးကျမ်းများအတွက် ဒေတာဘေ့စ်ထူထောင် ဖို့၊ အခြေခံသီအိုရီတွေကို လေ့လာဖို့နဲ့ TCM အရင်းအမြစ်တွေကို အထွေထွေလေ့လာစူးစမ်းမှုတွေ ပြုလုပ်ဖို့ Wang က ပြောပါတယ်။               တရုတ်နိုင်ငံက TCM အတွက် ၂ဝဝ၉ ခုနှစ်က ဝမ် ၁ဝ ဒသမ၉ ဘီလီယံ သုံးခဲ့ရာမှာ ၂ဝဝ၅ ခုနှစ်ကထက် ၁၆၅ ရာခိုင်နှုန်း ကျော်လွန်သုံးစွဲခဲ့ တာ ဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း TCM ဆေးရုံအရေ အတွက် ၉ ဒသမ ၆ ရာခိုင်နှုန်းတိုးလာပြီး ဆေးရုံဦးရေ ၃၂၉ ခုတည် ဆောက်ခဲ့ပါတယ်။ အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြုပြင် ပြောင်းလဲရေးတွေ ဆက်တိုက်ပြုလုပ်နေချိန်မှာ တရုတ်နိုင်ငံက တရုတ်ရိုးရာ ဆေးတိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ Wang က ပြောပါတယ်။              တရုတ်ရိုးရာဆေးပညာမှာ အပ်စိုက်ကုသမှု၊ ဓာတ်စာ၊ ပရဆေးနဲ့ အာဟာရပေးကုသမှု၊ ကိုယ်ကာယ လှုပ်ရှားမှုနဲ့ နှိပ်နယ်ကုသမှုတွေပါဝင်ပါ တယ်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနဲ့ ယဉ်ကျေးမှုအဖွဲရဲ့ နိုဝင်ဘာလ ထုတ် Intangible Cultural Heritage of Humanity မှတ်တမ်းမှာ တရုတ်အပ်စိုက်ကုသမှုနဲ့ မီးတို့ကုသမှု(moxibustion) ကိုကြည့်ခြင်း အားဖြင့် တရုတ်ရိုးရာ ဆေးပညာကို အပြည်ပြည်ဆိုင်ရာက တစ်စတစ်စ လက်ခံလာပြီလို့ ယူဆနိုင်ပါတယ်။ ှSource : chinadaily.com