Main menu

Background

အာဆီယံ ဈေးကွက် ခြေသွက်သွက်ဝင်နိုင်မယ့် လမ်းကို တရုတ်နိုင်ငံရှာဖွေ

Mon, 01/17/2011 - 08:39 -- Anonymous (not verified)

 အာဆီယံ ဈေးကွက် ခြေသွက်သွက်ဝင်နိုင်မယ့်လမ်းကို တရုတ်နိုင်ငံရှာဖွေ              အာရှတိုက်ကြီး တစ်ခုလုံးရဲ့ ဈေးကွက်ကို ဖြန့်ကျက်နိုင်ဖို့အတွက် အာဆီယံဒေသ ဟာ တရုတ်နိုင်ငံရဲ့ အဓိက ခြေကုတ်စခန်းတစ်ခု ဖြစ်ပါတယ်။ မကြာသေးမီက တရုတ်ရင်းနှီးမြှုပ်နံှ သူတွေ ကြေညာခဲ့တဲ့ ထိုင်းနိုင်ငံရှိ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ သုံးစွဲ ဆောက်လုပ်မယ့် လက်ကား ကုန်သွယ်ရေးဗဟိုဌာနလည်း တစ်ခုအပါ အဝင်ဖြစ်ပါတယ်။             လူဦးရေ စုစုပေါင်း သန်း ၅၈ဝ ရှိတဲ့ အာဆီယံဒေသတွေကို တစ်ဆင့်ပြန်လည် တင်ပို့ မယ့် ဗဟိုဌာနတစ်ခုအဖြစ် ဘန်ကောက်ကို သုံးသွားဖို့ တရုတ်မှာ အစီအစဉ်ရှိပါတယ်။ တရုတ်နိုင်ငံဟာ ၂ဝ၁ဝ ပြည့်၊ ဇန်နဝါရီ ၁ ရက်စပြီး တရုတ်-အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်မှု ဒေသ ထူထောင်ခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပမှာ စီးပွားရေး ဆုတ် ကပ်နဲ့ ေြွကးမြီအကျပ်အတည်း ဖြစ်ပြီးနောက်ပိုင်း သူ့နိုင်ငံကထုတ်တဲ့စက်မှုထုတ်ကုန် တစ်ပုံတစ်ပင် ကြီးကို သုံးစွဲမယ့် ဈေးကွက်သစ်ကြီးကို တရုတ် နိုင်ငံက ရှာဖွေခဲ့ပါတယ်။ ဒါကြောင့်လည်း အာဆီယံ ဒေသကိုထိုးဖောက်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။             ထိုင်းနိုင်ငံရှိ ကုန်သွယ်မှု ဗဟိုဌာနက တစ်ဆင့် အာဆီယံဒေသကိုတင်ပို့မယ့် ကုန်တွေထဲ မှာ အဝတ်အထည်၊ လက်ဝတ်ရတနာ၊ မော်တော်ကား အစိတ်အပိုင်း၊ အစားအစာနဲ့ ကလေး ကစားစရာပစ္စည်းတွေ ဖြစ်ပါတယ်။ ကုန်သွယ်မှု ဗဟိုဌာနရဲ့အကျယ်က စတုရန်းမီတာ ၇ဝဝဝဝ ရှိပြီး ဘောလုံးကွင်း ၁ဝဝ စာလောက် ကျယ်ဝန်းပါ တယ်။            အာဆီယံဒေသရှိ နိုင်ငံအများအပြားနဲ့ ဆက်သွယ်နိုင်မယ့် အမြန်ရထားလမ်း ဆောက်လုပ်ရေးအစီအမံကို တရုတ်နိုင်ငံက စောစော ပိုင်းမှာ ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်က ၎င်းရထားက လာအို၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ စင်္ကာပူကို ဆက်သွယ်ပြေးဆွဲပေးမှာဖြစ်ပါတယ်။ ဒီရထားလမ်း ရဲ့ ပထမအဆင့်ကို လာအိုနိုင်ငံမှာ ယခုနှစ် အတွင်း စတင်ဆောက်လုပ်မှာဖြစ်ပြီး ဘတ်ဘီလီယံ ၆ဝဝ ကုန်ကျမယ်လို့ ခန့်မှန်း ထား ပါတယ်။             ရထားလမ်းဒုတိယအဆင့်ကို ထိုင်းနိုင်ငံ မှာ ဖောက်လုပ်မှာဖြစ်ပြီး နောင်ခိုင်နဲ့ ဘန်ကောက် ကို ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ လောင်ကိုင်ဘန်ကောက်လမ်း ပိုင်းက ထိုင်း-လာအိုနယ်စပ်မှာ လာအိုလမ်းပိုင်းနဲ့ ချိတ်ဆက် ပေးမှာဖြစ်ပါတယ်။ ဘန်ကောက်က တစ်ဆင့် မလေးရှားနဲ့ စင်ကာပူ အထိ ဆက်သွားမှာဖြစ်ပါတယ်။ လာအိုတောင် ပိုင်းကနေ နောက်ထပ်ပြီး ကမ္ဘောဒီးယားနဲ့ လာအိုကို ဖောက်လုပ်ပါမယ်။ အမြန်ရထားရဲ့ အခြားလမ်းပိုင်းတစ်ခုကတော့ တရုတ် တောင် ပိုင်းနဲ့ မြန်မာနိုင်ငံကိုဆက်သွယ်ပြီး မြန်မာ တောင်ပိုင်းဒေသရှိ မြို့ကြီးများကို ချိတ်ဆက်မယ့် လမ်းဖြစ်ပါတယ်။ Source : chinapost.com