Main menu

Background

တရုတ်နိုင်ငံက ငွေစက္ကူကို လုံလုံလောက်လောက်ထုတ်မည်

Mon, 01/17/2011 - 08:44 -- Anonymous (not verified)

 တရုတ်နိုင်ငံက ငွေစက္ကူကို လုံလုံလောက်လောက်ထုတ်မည်             ငွေထုတ်ချေးတဲ့ လုပ်ငန်း အလျင်အမြန်ကြီးထွားလာမှုနဲ့ နိုင်ငံအတွင်း သို့ နိုင်ငံခြားငွေကြေးများ လှိမ့်ဝင်လာမှုတွေကြောင့် တရုတ်နိုင်ငံဟာ ငွေကြေးရိုက်နှိပ်ထုတ်ဝေရာမှာ ကမ္ဘာ့အကြီးဆုံးနိုင်ငံတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် ယွမ်ငွေလိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ဆည်းမပေးနိုင်သေးဘူး လို့ ဗဟိုဘဏ်အရာရှိတွေက ပြောပါတယ်။               ဇန်နဝါရီ ၁၁ ရက်နေ့က ဗဟိုဘဏ်ဝက်ဘ်ဆိုက်မှာလွှင့်တင်ထားတဲ့ ဒုတိယ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး မာဒီလွန်ရဲ့မှတ်ချက်ကို ကြည့်ရင် ယွမ် ငွေကြေးရဲ့ တန်ဖိုးထိန်းသိမ်းဖို့နဲ့ နိုင်ငံအတွင်းကို ဝင်လာတဲ့ငွေကြေး စီးဝင်မှု ပမာဏကိုလျှော့ချဖို့ကြိုးပမ်းရာမှာ တရုတ်နိုင်ငံအစိုးရက ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေကိုတွေ့မြင်နိုင်ပါတယ်။                  ငွေစက္ကူရိုက်နှိပ်ဖို့အတွက် တရုတ်နိုင်ငံကလူပေါင်း ၃ဝဝဝ ကျော်ကို ခန့်ထားပြီး ဝယ်လိုအားနဲ့ကိုက်ညီအောင် လုံလောက်တဲ့ယွမ်ငွေစက္ကူကို ထုတ်လုပ်နိုင်ဖို့ အတွက် အချိန်ပိုလုပ်ခွင့်တွေပေးပြီးဆွဲဆောင်နေပါတယ်။ ဒီလိုအပ်ချက် က တစ်နှစ်ကို ၂ဝ ရာခိုင်နှုန်းတိုးနေတယ်လို့ မာကပြောပါတယ်။ ဒါပေမယ့်လုံလောက်မှုမရှိသေးဘူးလို့ ပြောပါတယ်။ ငွေစက္ကူ ထုတ်လုပ်မှုကြီးထွားနေတာကိုဖြိုခွင်းဖို့လည်း ဆောင်ရွက်နေတယ်လို့ ပြောပါ တယ်။                တရုတ်နိုင်ငံဟာ နိုဝင်ဘာလကုန်ထိ ယွမ်ငွေကြေးတန်ဖိုး ယွမ် ၄ ဒသမ ၂၃ ထရီလီယံ (ဒေါ်လာ ဘီလီယံ ၄၆ဝ) ရှိပါတယ်။ ၂ဝဝ၅ ခုနှစ်က ရရှိခဲ့တဲ့ ယွမ် ၂ ဒသမ ၄ ထရီလီယံနဲ့နှိုင်းယှဉ်ရင် ၈ဝ ရာခိုင်နှုန်းတိုး လာပါ တယ်။ ဒီအထဲမှာ ဘဏ်အပ်ငွေတွေမပါသေးပါဘူး။ ငွေကြေးဖြန့်ဖြူးမှုတိုးခဲျ့လာတာက တရုတ်ပို့ကုန်တွေ ဝယ်လိုအား မြင့်တက်လာချိန်၊ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နံှမှုနဲ့ အစိုးရ အသုံးစရိတ် မြှင့်တင်မှုနဲ့ ဘဏ္ဍာရေးအကျပ်အတည်းကာလ ဘဏ်ထုတ်ချေးငွေ တိုးမြင့် လာမှုတို့နဲ့ တိုက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံထဲကိုစီးဝင်လာတဲ့ နိုင်ငံခြားငွေတွေကို တရုတ်ဗဟိုဘဏ်က ထိန်းသိမ်းပြီး ယွမ်ငွေနဲ့လဲလှယ်ပေးတဲ့အတွက် အာဏာပိုင်တွေက ပြည်တွင်း ငွေကြေးတန်ဖိုးကို ထိန်းခုျပ်နိုင်ခဲ့ပါတယ်။Source:AFP