Main menu

Background

(၇) ရက်သားသမီးများအတွက် စီးပွားရေးအကြံပေး ဟောကိန်း ၁၇-၁-၂၀၁၁ မှ ၂၃-၁-၂၀၁၁ အထိ

Mon, 01/17/2011 - 08:56 -- Anonymous (not verified)

 (၇) ရက်သားသမီးများအတွက် စီးပွားရေးအကြံပေး ဟောကိန်း ၁၇-၁-၂၀၁၁ မှ ၂၃-၁-၂၀၁၁ အထိတနင်္ဂနွေသားသမီးများအတွက် လုပ်ငန်းများ တိုးတက်အောင်မြင်နေမည်။ လုပ်ငန်းများမှ ဝင်ငွေရရှိနေတတ်သည်။ ခရီးဝေး သွားရတတ်သည်။ အလှူဒါနပြုရမည်။ ဆရာသမားကောင်းနှင့် တွေ့မည်။ စီးပွားရေးလုပ်ငန်းများတွင် အပူအစပ် ပစ္စည်းများနှင့် ပိုးသတ်ဆေး၊ ဆေးဝါးပစ္စည်းများ၊ ရွှေ၊ ကြေးနီပစ္စည်းများ ရောင်း ဝယ်ပါက အထူးဝင်ငွေအားကောင်းပြီး စီးပွားဥစ္စာ တိုးတက်မည်ဖြစ်သည်။ ကျန်းမာရေးတွင် မိသားစုကြောင့် စိတ်သောကဝေဒနာရှိတတ်သည်။ ကျန်းမာရေးဂရုစိုက်ပါ။ ယတြာ။ ။ အင်ဖက်ခင်း၍ ပဲထမင်းကို လမ်းလေးခွစုံတွင် သတ္တဝါများကို ကျွေးမွေးလိုက်ပါ။ ကိုယ်စိတ်ချမ်းသာ လိုရာပြည့်စေပါမည်။ တနင်္လၤာသားသမီးများအတွက် အလုပ်နှင့် ပတ်သက်၍ ရပ်ဝေး မှ လက်ဆောင်ပစ္စည်းရရှိမည်။ စီးပွားရေး အလုပ်များကို ဦးစီး လုပ်ကိုင်ရတတ်သည်။ လယ်ယာထွက်ကုန်ပစ္စည်းမှအမြတ်အစွန်း ရမည်။ ယခုကာလတွင် ခရီးသွားအစီအစဉ်ပျက်ယွင်းမှု သတိရှိ သင့်သည်။ ငွေကြေးချေးငှားမိပါက ပြဿနာပေါ်တတ်မှု သတိပြု ပါ။ မျက်စိ၊ မျက်နှာတွင် မတော်တဆထိခိုက်မှု သတိပြုပါ။ စီးပွားရေးတွင် ပန်းများ၊ သစ်သီးဝလံများ၊ ရေနှင့်ရေထွက်ပစ္စည်းများ၊ ပုလဲ၊ ကျောက်မြတ်ရတနာ ရောင်းဝယ် လုပ်ကိုင်သူတို့ အဆင်ပြေချောမွေ့နေတတ်ပါသည်။ယတြာ။ ။ မုန့်တစ်မျိုးကို လှူဒါန်းပေးပါ။ အင်္ဂါသားသမီးများအတွက် ငွေကြေးကိစ္စ အဆင်ပြေမည်။ လုပ်ငန်းခွင် တိုးတက်အားကောင်းမှုရှိလာလိမ့်မည်။ စပ်တူလုပ်ငန်း အကျိုးဖြစ်ထွန်းမည်။ စီးပွားရေးလုပ်ငန်းတွင် အပြိုင်အဆိုင်များ ပေါ်လာတတ်မှု သတိပြုပါ။ စီးပွားရေး အဓိကလုပ်ရမည့်လုပ်ငန်း မှာ မီးများများသုံးရသောပစ္စည်း၊ စားသောက်ကုန်၊ အနီရောင် ပစ္စည်းများ၊ သန္တာကျောက်၊ ထန်းလျက်၊ ဓာတ်သတ္တုများရောင်းဝယ်စီးပွားလုပ်ကိုင် ပါက အောင်မြင်မှုများရရှိမည်ဖြစ်ပါသည်။ယတြာ။ ။ သန္တာကျောက်ကို အမြဲရွှေနှင့်ကွင်း၍ ဝတ်ဆင်ထားပါ။ ဗုဒ္ဒဟူးသားသမီးများအတွက် အလုပ် စီးပွားရေး လုပ်ငန်းများ အတွက် စိတ်ချမ်းသာမှုရရှိမည်။ မထင်မှတ်သော ကောင်းစားမှု၊ အဆင့်အတန်း မြင့်မားလာမှုများ ရှိလာမည်။ အလုပ်အကိုင် အတွက် ခရီးသွားရတတ်သည်။ နိုင်ငံရပ်ခြား ပြည်ပတွင် ပညာ သင်ခရီး ရှိတတ်သည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်ရတတ် သည်။ အချစ်ရေးတွင် စိတ်လှုပ်ရှားမှုများမည်။ စီးပွားရေးတွင် စာအုပ်စာပေလုပ်ငန်း၊ ပန်းချီ၊ ပန်းပု၊ စက္ကူနှင့် စာရေးကိရိယာလုပ်ငန်းများ စီးပွားဖြစ်ထွန်းနိုင်သည့် ကာလ ဖြစ်နေတတ်ပါသည်။ယတြာ။ ။ ကျောက်စိမ်း သို့မဟုတ် မြကိုဆောင်ထားပါ။ ကြာသပတေးသားသမီးများအတွက် ဝင်ငွေ အထူးကောင်းမွန် နေမည်။ ပျော်ရွှင်စရာများ ကြုံတွေ့ရတတ်သည်။ အကြံအစည် များအောင်မြင်မှုရှိမည်။ စားကောင်းသောက်ဖွယ်များ မကြာခဏ လက်ဆောင်ရနေလိမ့်မည်။ ယာဉ်/စက်ပစ္စည်းများ ဝင်ကိန်းအား ကောင်းနေလိမ့်မည်။ ပျားရည်လုပ်ငန်း၊ ကုလားပဲနှင့် ဘာသာရေး ဆိုင်ရာပစ္စည်းများ ရောင်းဝယ်ဖောက်ကားလုပ်ကိုင်နေသူတို့ စီးပွားဖြစ်ထွန်းသည့် ကာလ ဖြစ်လိမ့်မည်။ ကျန်းမာရေး၊ စီးပွားရေးသင့်တင့်မှုရှိနေမည်။ယတြာ။ ။ ပေါက်ပေါက်ဆွမ်း မိမိအိမ်ရှိ ဘုရားတွင် လှူဒါန်းပါ။ သောကြာသားသမီးများအတွက် လုပ်ငန်းများ အောင်မြင်တိုး တက်နေမည်။ ထင်ပေါ်ကျော်စောမည်။ ရန်နှင့်မကင်းသော အလုပ်အကိုင်မျိုး လုပ်ကိုင်ရတတ်သည်။ စီးပွားရေးလုပ်ငန်းတွင် ငွေထည်ပစ္စည်း၊ ဇိမ်ခံပစ္စည်း၊ အနုပညာဆိုင်ရာ ပစ္စည်းများနှင့် ရေမွှေးအလှကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းဝယ်သူများအနေဖြင့် စီးပွားရေးဖြစ်ထွန်းမှု အားကောင်းနေလိမ့်မည်။ အတူနေဆွေမိုျးများနှင့် ခိုက်ရန် ဒေါသဖြစ်တတ်သည်။ယတြာ။ ။ သင့်လျော်သောနေရာဌာနတို့တွင် သဲလှူပေးပါ။ ပျော်ရွှင်ချမ်းမြေ့မှုကို ရရှိစေပါလိမ့်မည်။ စနေသားသမီးများအတွက် စားသောက်ကုန်ပစ္စည်းများ အကျိုး အမြတ်ရှိနေမည်။ ဝီရိယအကျိုး ခံစားရမည်။ နိုင်ငံခြားသို့အလုပ် ကိစ္စနှင့် ခရီးသွားရမည်။ မိတ်ဆွေများထံမှ လက်ဆောင်ကောင်း ရရှိမည်။ ကျွေးဟောင်းများပြန်ရမည်။ ဘာသာရေးလုပ်ငန်းများ လုပ်ကိုင်ရမည်။ ဂုဏ်သိက္ခာထိခိုက်စေသောကိစ္စ သတိထားပါ။ အရိုးနှင့်ပတ်သက်၍ ရောဂါရမှုရှိတတ်သည်။ စီးပွားရေးတွင် မြေအောက်သယံဇာတ များ၊ သံထည်ပစ္စည်းများ၊ ကျောက်မီးသွေး၊ ဘိလပ်မြေရောင်းဝယ်ရေးလုပ်ငန်းအဆင် ပြေမှုများတတ်ပါသည်။ယတြာ။ ။ ကောက်ညှင်းပေါင်း လှူဒါန်းပါ။