အိန္ဒိယက ဘင်္ဂလားဒေ့ရှ် ဆန်ကို တစ်တန်ကန်ဒေါ်လာ ၄၅၉ ဒသမ ၂၂ ဈေးနဲ့ တင်ဒါရရှိခဲ့
အိန္ဒိယက ဘင်္ဂလားဒေ့ရှ် ဆန်ကို တစ်တန်ကန်ဒေါ်လာ ၄၅၉ ဒသမ ၂၂ ဈေးနဲ့ တင်ဒါရရှိခဲ့ စင်ကာပူအခြေစိုက် Indo- Sino ကုမ္ပဏီမှ ဘင်္ဂလားဒေ့ရှ်ကို ဆန်ဖြူတန်ချိန် ၅ဝဝဝဝ ရောင်းချဖို့ တင်ဒါကို C & F ဈေးတစ်တန် ကန်ဒေါ်လာ ၄၅၉ ဒသမ ၂၂ ဈေးနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံပိုင် ကောက်ပဲသီးနံှ တင်သွင်းသူမှ လူဦးရေ သန်း ၁၅ဝ ကျော်ရှိတဲ့ နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံဖို့အတွက် လွန်ခဲ့တဲ့ လက ဆန်တင်ဒါ ခေါ်ယူခဲ့ပါတယ်။ ယင်းတင်ဒါမှာ Indo- Sino က အနိမ့်ဆုံးဈေးနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကုန်သွယ်မှု သဘောတူလက်မှတ် ရေးထိုးပြီး ရက် ၃ဝ အတွင်း သင်္ဘောတင်ရမယ်လို့ သိရပါတယ်။ လမင်း ၊Source: Reuters
