အရေးပေါ် အရန်ဆန်ထားရှိရေး အာဆီယံဝန်ကြီးများ ဆွေးနွေးမည်

အရေးပေါ် အရန်ဆန်ထားရှိရေး အာဆီယံဝန်ကြီးများ ဆွေးနွေးမည်                 စားနပ်ရိက္ခာအကျပ်အတည်းပြဿာနာကို ကာကွယ်ဖို့ အရေးပေါ် အရန်ဆန်သိုလှောင်မှု ထားရှိရေး အရှေ့ တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ စိုက်ပိုျးရေးဝန်ကြီးများဟာ ယခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြ မယ်လို့ သိရပါတယ်။ ရာသီဥတုဆိုးရွားလာမှုကြောင့် စားနပ်ရိက္ခာ ရောင်းချမှု လျော့ကျပြီး ဈေးနှုန်းဖောင်းပွမှု တွေဖြစ်ပေါ်ကာ ဆန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဒေသတွင်း မှာအရေးပေါ်ဆန်သိုလှောင်မှုနဲ့ ပတ်သက်လို့ဆွေးနွေးသွား မှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ဒုတိယဝန်ကြီးMahendra Siregar  က ပြောကြားပါတယ်။                 အဲဒီအစည်းအဝေးကို ယခုပထမနှစ်ဝက်အတွင်းမှာ ကျင်းပ နိုင်မယ်လို့ မျှော်လင့်ထားပြီး ငွေကြေး အခက်အခဲ များနဲ့ ဆန်ရောင်းချမှုအပါအဝင် ဈေးနှုန်းထိန်းချုပ်နိုင်စေမယ့် နည်းစနစ်များကို အလေးထား ဆွေးနွေး သွားမယ်လို့ ၎င်းကဆက်လက်ပြောကြားပါတယ်။ အဲဒီဆွေးနွေးပွဲကနေ တိုးတက်မှုတွေရယူသွားမယ်လို့လည်း ဆိုပါတယ်။                ဒီဆွေးနွေးပွဲဟာ ယခင်နှစ်က ကမ္ဘောဒီးယားမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲဘဲဖြစ်ပါတယ်လို့ နိုင်ငံတကာကုန်သွယ်ရေးကော်ပိုရေးရှင်းမှ ညွှန်ကြားရေးမှူး ချုပ် Gusmardi Bustami  က ပြောကြားပါတယ်။ ဆန် အပါအဝင် စားနပ်ရိက္ခာ ဈေးများ မတည်မငြိမ်ဖြစ်မှုဟာ အာဆီယံဒေသတွင်း နိုင်ငံများကို ငွေကြေးဖောင်းပွမှု မြင့်တက်လာစေဖို့ အစပျိုးပေးခဲ့ပြီး ဒေသတွင်း ဘဏ်များကို လည်း ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ ပိုပြီးတင်းကျပ်စွာ ချမှတ်လာရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများ အတွင်း အတိုးနှုန်းထားများကို သုညရာခိုင်နှုန်းအထိ နှိမ့်ချ ထားခြင်းက ထွန်းသစ်စဈေးကွက်များထိကို ပိုပြီးရင်းနှီးမြူပ်နံှ လာစေဖို့ တွန်းအားဖြစ်စေခဲ့တာကြောင့် အာဆီယံဒေသ အနေအထားဖြင့် စီးဆင်းလာတဲ့ ငွေလုံးငွေရင်းများ စီမံခန့်ခွဲ နိုင်ဖို့ အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ကြရပါတယ်။ လမင်း၊ Source: Burnana. com