Main menu

Background

ပဲစင်းငုံတင်ပို့မှု သိသိသာသာတိုးတက်

Tue, 01/25/2011 - 09:54 -- Anonymous (not verified)

ပဲစင်းငုံတင်ပို့မှု သိသိသာသာတိုးတက်                ပုံမှန်အားဖြင့် ယခင်နှစ်က ပဲစင်းငုံတင်ပို့မှုဟာ အပတ်စဉ် တန်ချိန် ၅ဝဝဝ ဝန်းကျင်ရှိခဲ့ရာက ယခုတစ်ပတ်မှာတော့ တန်ချိန် ၈၅ဝဝ အထိ သိသိ သာသာ တိုးတက်လာတာတွေ့ရပါတယ်။ ပြည်တွင်းပဲစင်းငုံသစ်တွေ ဈေးကွက် တွေထဲ ဝင်လာနေပြီဖြစ်သလို အိန္ဒိယဝယ်လက်တွေကလည်း ဝယ်လိုအားကောင်း လာတာကြောင့် ယခုလို တင်ပို့မှု တိုးတက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပြည်ပဝယ်လက်များက ပဲစင်းငုံအသစ် ဝယ်ယူမှုရှိပေမဲ့ ဈေးသက်သာတဲ့ အဟောင်းကို ပိုပြီးအဝယ်ရှိတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလအတွင်း ပဲစင်းငုံတင်ပို့မှုအနေနဲ့ တန်ချိန် ၁၃ဝဝဝ ခန့်ရှိပြီး နိုဝင်ဘာလမှာ တန်ချိန် ၅ဝဝဝ ခန့်သာရှိလို့ ဒီဇင်ဘာလကစပြီး ပဲစင်းငုံတင်ပို့မှုပြန်လည်မြင့်တက်လာခဲ့တာတွေ့ရပါတယ်။ ၂ဝဝ၉ ဒီဇင်ဘာလမှာ တော့ တန်ချိန် ၃ဝဝဝ ခန့်သာတင်ပို့ခဲ့လို့ ၂ဝ၁ဝ ဒီဇင်ဘာ ကာလတူတင်ပို့မှုက တန်ချိန် တစ်သောင်းခန့် ပိုနေတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ အရောင်း အဝယ် သွက်လာတာနဲ့အမျှ ရန်ကုန် FOB  ဈေးလည်း တနေ့တခြား တိုးတက်လာ တာ တွေ့ရပါတယ်။                                                                                                                                      ဒေါ်လာ/တန်                              ပဲစင်းငုံနီ                ပဲစင်းငုံဖြူနီ၊ အဖြူ ၂၁-၁-၁၁                 ၈၇ဝ-၈၉ဝ               ၇၇ဝ-၇၉ဝ ၁၄-၁-၁၁                ၇၈ဝ-၈ဝဝ                ၆၉ဝ-၇၁ဝ MIRT(MAPT)