Main menu

Background

ပခုက္ကူ ပဲစင်းငုံသစ်ဈေးကွက်

Tue, 01/25/2011 - 09:59 -- Anonymous (not verified)

ပခုက္ကူ ပဲစင်းငုံသစ်ဈေးကွက်                 ဒီဇင်ဘာလလယ်ထဲက ပခုက္ကူဒေသမှာစပေါ်ခဲ့တဲ့ ပဲစင်းငုံ (နီ) သစ်ဟာ ယခုအခါ တစ်ရက်ပြီးတစ်ရက် အဝင်လှိုင်လို့နေပါတယ်။ လှိုင်ဆိုဈေးကလည်း တစ်နေ့ပြီးတစ်နေ့ အတက်မှာဘဲပြနေတော့ တောင်သူတွေမှာ တစ်တင်းကို ၂ သောင်း အထက်ရောင်းရနေတော့ ကုန်ကျတဲ့စရိတ်ထက် နှစ်ပြန်ရနေတဲ့သဘောပါ။ တောင်သူတွေ ငွေရွှင်တော့ ပခုက္ကူဈေးစည်ပါတယ်။ ပဲတွေလာရောင်းကြ၊ ဆန်တွေ၊ အနွေးထည်တွေ၊ စောင်တွေ အပြန်ဝယ်သွားကြနဲ့ ဈေးထဲကဈေးသည်တွေလည်း တပြုံးပြုံးနဲ့ပေါ့။ ဒီနေ့တော့ ပဲစင်းငုံ (နီ) အသစ်တစ်တင်းကို ၂၂၂ဝဝ ကျပ်ထိ ရောက်ပြီး၊ အဟောင်းက ၂ဝဝဝဝ ကျပ်လို့သိရပါတယ်။                                                                        မော်မော်အေး