Main menu

Background

ထွက်ပေါ်တော့မယ့် ရွှေပဲစင်းငုံ

Tue, 01/25/2011 - 10:01 -- Anonymous (not verified)

 ထွက်ပေါ်တော့မယ့် ရွှေပဲစင်းငုံ              ရွှေဘိုမြို့နယ်မှာ မိုးပဲစင်းငုံစိုက်ဧက ၁၅ဝဝဝ ကျော်ရှိပြီး၊ မြို့ရဲ့အရှေ့ဘက် မိုးကောင်းဒေသများဖြစ်တဲ့ ကော့ရွာ၊ တအုံ၊ အုန်းပေါက်၊ ဂွေးကုန်း၊ ဘိုးတော်တော၊ ပိတ်တောစတဲ့ကျေးရွာတွေမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ကော့ရွာက ပဲစင်းငုံစိုက်တောင်သူ ဦးဆန်းလင်းပြောပြချက်အရ ဒီနှစ်မိုးနှောင်းကာလ ဒီဇင်ဘာမှာ ၄ ရက်ခန့်ရွာခဲ့တဲ့ မုန်တိုင်းမိုးကြောင့် အပင်ပန်းပွင့်ချိန်မှာ မိုးမိပြီး အပွင့်တွေရိုက်ချသလိုဖြစ်ခဲ့လို့ အထွက်လျော့နိုင် တယ်လို့သိရပါတယ်။ မနှစ်ကတစ်ဧက ၁၅ တင်းခန့် ထွက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၁ဝ တင်းထက်မပိုနိုင်ဘူးလို့ ဆိုပါတယ်။ ဒေသတောင်သူအခေါ် (တဖတ်လဲ) မျိုးတွေသာစိုက်ကြပြီး အနီ (လုံးသေး) တွေသာများပါတယ်။မြို့ပေါ်ပွဲရုံတွေမှာ အခြားနယ်ကစောပြီး ဝင်လာ တဲ့ ပဲစင်းငုံအချို့တစ်တင်းကို ၁၇၆ဝဝ ကျပ်ခန့်ဈေးပေါက် နေပြီး ရွှေဘိုနယ် မှာ တော့ ယခုဇန်နဝါရီလ ၂ဝ ရက်ကျော်မှ ခုတ်သိမ်းထွက်ပေါ်မယ်လို့ သိရပါတယ်။ တစ်ဧက ကုန်ကျစရိတ်ပျမ်းမျှကျပ် ၁ဝ၃ဝဝဝ ခန့်ရှိတာမို့ တစ်ဧကအကျိုးအမြတ် အနေနဲ့ ကျပ် ၇ဝဝဝဝ ခန့်ရှိမယ်လို့ လေ့လာ သိရှိရပါတယ်။ တင်ထွန်းနိုင်