Main menu

Background

ဒီဇင်ဘာမှာ ပဲလွန်းဖြူတင်ပို့မှု အနည်းငယ်လျော့

Tue, 01/25/2011 - 10:02 -- Anonymous (not verified)

ဒီဇင်ဘာမှာ ပဲလွန်းဖြူတင်ပို့မှု အနည်းငယ်လျော့                  ၂ဝ၁ဝ ဒီဇင်ဘာလ အတွင်း ပဲလွန်းဖြူလက်ကျန်နည်းသွားပြီဖြစ်လို့ တန်ချိန် ၄၇ဝ ခန့်သာ တင်ပို့မှုရှိခဲ့ပြီး နိုဝင်ဘာလအတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၅ဝဝကျော်ထက် အနည်းငယ်လျော့ကျ လာတာ တွေ့ရပါတယ်။ ၂ဝဝ၉ ဒီဇင် ဘာလ တင်ပို့မှုအနေနဲ့ တန်ချိန် ၆၅ဝ ကျော်ရှိခဲ့လို့ ကာလတူတင်ပို့မှုအနေနဲ့ လည်း ၂ဝ၁ဝ ဒီဇင်ဘာမှာ တန်ချိန် ၁ဝဝ ကျော်လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလ တတိယ ပတ် (ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်) အတွင်းမှာတော့ တန်ချိန် ၁၃ဝ ကျော် တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ ဈေးကွက်အသီးသီးကို ပဲလွန်းဖြူ ဝင်ရောက်မှုတိုးတက်လာပြီဖြစ်သလို အရောင်းအဝယ်သွက်ပြီး ဈေးမြင့်တက် မှု ရှိလာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ် ဈေး ဖြစ်တဲ့ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၈ဝဝ- ၈၂ဝ၊ SQ တစ် တန်ကို ၉ဝဝ-၉၂ဝ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံ မွန်ဘိုင်းဈေး ကွက်မှာလည်း ယခင် တစ်ပတ် ဈေး ဖြစ်တဲ့ (ပဲခူးစ) တစ်တန် ရူပီး ၄၈ဝဝဝ (ကန်ဒေါ်လာ ၁ဝ၆၁) ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT