Main menu

Background

ဟင်္သာတမှာ ပဲလွန်းဖြူဈေးမြင့်လာ

Tue, 01/25/2011 - 10:07 -- Anonymous (not verified)

ဟင်္သာတမှာ ပဲလွန်းဖြူဈေးမြင့်လာ                          ဟင်္သာတ ဈေးကွက်ကို ဒီဇင်ဘာ နောက်ဆုံးပတ်က စတင်ဝင်လာတဲ့ ပဲလွန်းဖြူဟာ ယခင်အပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၉၅ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဒီဇင်ဘာ တတိယပတ်မှာ ၂၁၅ဝဝ ကျပ်ကို မြင့် တက်လာပါတယ်။ ဒေသတွင်း ရောင်းဝယ်မှုလည်း ယခင်အပတ်ထက် နည်း သွားပြီး ရန်ကုန်ဈေးကွက်သို့ တစ် ရက်ကို ပျမ်းမျှတစ်တင်းခွဲဝင်အိတ် ၂ဝဝ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုရောင်းဝယ်နေတဲ့ ပဲဟာ ကိုင်းပဲများ ဖြစ်ပြီး နောက်ကျစိုက်တဲ့ ဆောင်းသီးနံှ လယ်ပဲက ဖေဖော်ဝါရီမှ ပေါ်မှာဖြစ် တာကြောင့် ကြားကာလမှာ ပစ္စည်း လက်ကျန် နည်းလာပြီး ဈေးအနည်း ငယ် မြင့်တက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အေးအေးခိုငိ