Main menu

Background

နယ်စပ် ပဲတီစိမ်းဈေး အလားအလာကောင်းနေ

Tue, 01/25/2011 - 10:16 -- Anonymous (not verified)

 နယ်စပ် ပဲတီစိမ်းဈေး အလားအလာကောင်းနေ         မူဆယ်(၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံရွှေလီသို့ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း ပဲတီစိမ်း တန်ချိန် ၁၄၃ဝ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း တန် ၃ဝဝ ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇ဝ၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ကလည်း တန်ချိန် ၁၄ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ ယခုတစ်ပတ်မြေပြင်ပေါက်ဈေးကတော့ မိမိဘက်မှာ ၁၁၂၆၃၄၈ ကျပ်နဲ့တစ်ဖက်နိုင်ငံဈေးကတော့ ၁၃၆၂ ဒေါ်လာဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်း ဈေးကွက်အတွင်း ပဲတီစိမ်း (အသစ်)တောင်ငူများ ဝင်ရောက်မှုများတာကြောင့် အပတ်စဉ်တန် ၁၅ဝဝ ဝန်းကျင်ပုံမှန်တင်ပို့နိုင်တာဖြစ်ပါတယ်။ လက်ရှိပဲတီစိမ်းရာသီမှာ တရုတ်ဘက်မှာ ပဲတီစိမ်း အဆင့်စုံအလိုက် ဝယ်လိုအား ရှိကာ မိမိတို့ပြည်တွင်းဈေးတက် သလိုတရုတ် ဘက်ကလည်းဈေးအမြင့်ပေး ဝယ်ယူကြောင်း တွေ့ရလို့ ပဲတီစိမ်းရဲ့ အလား အလာကောင်းလျက် ရှိပါတယ်။ ယခုတစ်ပတ်ပဲတီစိမ်း(ကြီး) ပြည်တွင်းဈေးတစ်တန်ကျပ် (၈ ဒသမ ၇၁)သိန်းမှ (၉ ဒသမ ၉၁)သိန်းရှိပြီး တဖက်နိုင်ငံဝယ်ဈေးယွမ် (၈၆ဝဝ)မှ (၁ဝ၂ဝဝ)အထိ ဈေးပေါက်လျက်ရှိပါတယ်။ မတ်လအတွက် ကြိုပွိုင့် ဈေးကတော့ (၅၆) ပိဿာဝင် တစ်အိတ်ကို (၁ဝ၅ဝဝဝ) ကျပ်အထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ MIRT(DOBT)