Main menu

Background

အိတ်စပို့ဝယ်လက်သိမ်းလို့ မုံရွာပဲတီစိမ်းအရောင်းသွက်နေ

Tue, 01/25/2011 - 10:31 -- Anonymous (not verified)

အိတ်စပို့ဝယ်လက်သိမ်းလို့ မုံရွာပဲတီစိမ်းအရောင်းသွက်နေ                  မုံရွာကုန်စည်ဒိုင် ဇန်နဝါရီတတိယပတ် ပဲတီစိမ်းဈေးကွက်မှာ အိတ်စပို့ဝယ်လက် အဝယ်သွက်ခဲ့လို့ အရောင်းအဝယ် အားကောင်းလျက်ရှိတယ်လို့သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်ပြည်တင်ဖို့ မန္တလေးလက်က အဝယ်များခဲ့ပြီး၊ စိမ်းသေးကိုတော့ ရန်ကုန်လက်က အဝယ်လိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ပေါက်ဈေးအားဖြင့် စိမ်းကြီးတစ်တင်းအနိမ့်ဆုံးအဟောင်းတစ်တင်း ၂၁ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၃ဝဝဝ ကျပ်၊ အသစ်အနိမ့်ဆုံးတစ်တင်း ၂၆ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၉ဝဝဝ ကျပ် အသီးသီး ဈေးကောင်းရခဲ့ကြပါတယ်။ ဈေးကွက်ထဲကို ပဲတီစိမ်းများဝင်ရောက်မှုအနေနဲ့ မုံရွာဝန်းကျင်နယ်စုံကအပြင် ကလေးနယ်ဘက်က မုံရွာနဲ့မန္တလေးတိုက်ရိုက်တစ်ရက် အိတ် ၁ဝဝဝ နီးပါးရှိတယ်လို့သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာတော့ တစ်ရက်အိတ် ၅ဝဝ အထက် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်အတွင်း မန္တလေးကို တင်း ၄၂ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၈ဝဝ ခန့် တင်ပို့စီးဆင်းခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်