Main menu

Background

ဝယ်လိုအားတက်လို့ အိန္ဒိယကုလားပဲဈေးမြင့်တက်

Tue, 01/25/2011 - 10:35 -- Anonymous (not verified)

ဝယ်လိုအားတက်လို့ အိန္ဒိယကုလားပဲဈေးမြင့်တက်                ပဲခွဲစက်များနဲ့ လက်လီဆိုင်များက ဝယ်လိုအားကောင်းလာတာကြောင့် ကုလားပဲတစ်တန်ကို ရူပီး ၂ဝဝ-၂၅ဝ ( ကန်ဒေါ်လာ ၄ ဒသမ ၄၂-၅ ဒသမ၅၂) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၈ ရက်မှာ အထွက်နှုန်း ကျဆင်း နိုင်တဲ့ ခန့်မှန်းချက်ကြောင့် တစ်တန်ကို ရူပီး ၂၅ဝဝဝ-၂၅၁ဝဝ (ကန်ဒေါ်လာ ၅၅၃-၅၅၅) ထိမြင့်တက်ခဲ့ပြီးတဲ့နောက် အမြင့်ဈေးနဲ့ အဝယ်ကျဆင်းလို့ တစ်တန်ကို ရူပီး ၂၄၅ဝဝ ( ကန်ဒေါ်လာ ၅၄၂) ကိုပြန်လည် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ကုလားပဲလက်ကျန်များရှိသေးတယ်လို့ ခန့်မှန်းကြပါတယ်။ မိုးရွာသွန်းပြီး ရာသီဥတုအခြေအနေမပေးတာကြောင့် ကုလားပဲအသစ်များ ဈေးကွက်ကို နောက်ရက် ၂ဝ အတွင်း ဝင်ရောက်လာဖွယ်မရှိဘူးလို့ ခန့်မှန်း ကြပါတယ်။ ဒါ့အပြင် ဝယ်လိုအားတက်နေခြင်းတို့ကြောင့် ကုလားပဲဈေးက အနိမ့် ဆုံး ထောက်ပံ့ဈေး တစ်တန် ရူပီး ၂၃၅ဝဝ (ကန်ဒေါ်လာ ၅၂ဝ) အောက် မကျဆင်း နိုင်ဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယမင်းခင်၊ Source: businessline