Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီး ကုလားပဲလျာထားချက်ထက် ကျော်လွန်စိုက်ပျိုးပြီး

Tue, 01/25/2011 - 10:39 -- Anonymous (not verified)

စစ်ကိုင်းတိုင်းဒေသကြီး ကုလားပဲလျာထားချက်ထက် ကျော်လွန်စိုက်ပျိုးပြီး               စစ်ကိုင်းတိုင်းဒေသကြီးမှာ ကုလားပဲကို ဧက ၃ ဒသမ ၆၇၉ သိန်းလျာ ထားပြီး၊ ၃ ဒသမ ၇၁၅ သိန်း စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် ၁ဝဝ ဒသမ ၉၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးလို့သိရပါတယ်။ စိုက်ပျိုးကာလစောတဲ့ ကုလားပဲခင်း တချို့သီးကင်း ဝင်နေပြီဖြစ်ပါတယ်။ ဈေးကွက်လက်ကျန်နည်းနေပြီဖြစ်လို့ ဒေသတွင်း အရောင်းအဝယ်အဖြစ် နေ့စဉ်အိတ်ရေ ၅ဝ ခန့်သာ အရောင်း အဝယ်ဖြစ်တော့ကြောင်းသိရပါတယ်။ ဈေးကတော့ V 2 တစ်တင်း ၂၆ဝဝဝ ကျပ်အထိ ဈေး ပေါက်နေတယ်လို့သိရပါတယ်။ ဈေးကွက်လက်ကျန်နည်းနေလို့ ဒေသသုံး သမားများအတွက် ဈေးတက်နိုင်သေးကြောင်း သိရပါတယ်။                                                                                                အောင်မင်း