Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ဓာတ်ဆီ/ဒီဇယ်ဆီ

Tue, 01/25/2011 - 11:08 -- Anonymous (not verified)

ဒီဇယ်ဆီ တန်ချိန်သုံးသောင်းတစ်ထောင်ကျော်သာ အဝင်ရှိ               ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဇန်နဝါရီ ၁ဝ ရက်မှ ၁၆ ရက်တာ ကာလအတွင်း ဒီဇယ်ပီပါ နှစ်သိန်းသုံးသောင်းကျော်၊ တန်ချိန်အားဖြင့် ၃၁၈၉ဝ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဓာတ်ဆီအဝင် မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ်ဒီဇယ်ဆီအဝင် တန်ချိန် ၄၇ဝဝဝ ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်ဒီဇယ်ဆီအဝင် တန်ချိန် တစ်သောင်းငါးထောင်ကျော် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOT ဓာတ်ဆီရော ဒီဇယ်ပါအဝင်လျော့                ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ ကော့သောင်းနဲ့ တာချီလိတ်စခန်းတွေက ဓာတ်ဆီ ၂၆၇၂၈ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၅၉ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ယခင်အပတ် ကထက် ဂါလန် ၃၆ဝဝဝ ကျော် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒီဇယ်ဆီကိုတော့ တရုတ်နယ်စပ်ကန်ပိုက်တီးစခန်းနဲ့ ထိုင်းနယ်စပ်တာချီလိတ် စခန်းတွေကနေ ၂ဝ၃ဝ၈၇ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၆၄၉ သန်းဖိုး တင်သွင်းခဲ့တဲ့အတွက် ဂါလန် လေးသိန်းကျော် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရှိရ ပါတယ်။ အစိုးရစက်သုံးဆီတင်သွင်းမှု ကျဆင်းခဲ့တာကြောင့် ယခုတစ်ပတ်အသွင်း လျော့တာဖြစ်ကြောင်း သိရပါတယ်။MIRT-DOBT ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဇန်နဝါရီ ၂ဝ၁၁                 ဝယ်ဈေးဓာတ်ဆီ(ကျပ်)                   ဝယ်ဈေးဒီဇယ်(ကျပ်)ရက်           ရန်ကုန်        မန္တလေး                    ရန်ကုန်       မန္တလေး၁၇             ၃၂ဝဝ          ၃၅ဝဝ                      ၃ဝဝဝ       ၃၄ဝဝ၁၈             ၃၂ဝဝ          ၃၅ဝဝ                      ၃ဝဝဝ       ၃၄ဝဝ၁၉             ၃၂ဝဝ          ၃၅ဝဝ                      ၃ဝဝဝ       ၃၄ဝဝ၂ဝ             ၃၂ဝဝ          ၃၅ဝဝ                      ၃ဝဝဝ       ၃၄ဝဝ၂၁             ၃၂ဝဝ          ၃၅ဝဝ                      ၃၁ဝဝ       ၃၄ဝဝMIRT-DOT