တရုတ် ပြည်သူ့ဘဏ်က ယွမ်တစ်ထရီလီယံ ရိုက်နှိပ်ရန်စီစဉ်နေ တရုတ်ပြည်သူ့ဘဏ် (People's Bank of China) သည် ယခုနှစ်တွင် ယွမ်ငွေ စက္ကူအသစ် တစ်ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၅၁ ဘီလီယံ) အား ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ရာ သက်ဆိုင်ရာအရာရှိများမှ ဤကြေညာချက် သည် ငွေကြေးဖောင်းပွမှုကို မဖြစ်စေ နိုင်ကြောင်း ဆင်ဟွာသတင်းဌာနမှ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က ပြောကြားပါသည်။ PBC ဘဏ်၏ ဒုတိယအုပ်ချုပ်ရေးမှူး Mr.Delum က ဈေးကွက်ထဲတွင် လှည့်လည်သုံးစွဲနေ သည့် ငွေစက္ကူ တန်ဖိုးမှာ ယွမ် ၄ ဒသမ ၆ ထရီလီယံ (ကန်ဒေါ်လာ ၆၉၈ ဘီလီယံ)ရှိနေ၍ ၅ နှစ်မှ ၇ နှစ်အတွင်း ငွေစက္ကူအသစ်များနှင့် လဲလှယ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ လာမည့်နွေဦး ပေါက်ရာသီတွင် ဈေးကွက်၌ ငွေစက္ကူ များ ပိုမိုသုံးစွဲရန်ဖြစ်သော်လည်း ငွေစက္ကူပမာဏလိုအပ်သည်ထက် အများ အပြား ထုတ်ဝေရန်နှင့် ယွမ်ငွေစက္ကူ အသစ်ရိုက်ထုတ်ရန် မရည်ရွယ်ကြောင်း Ma က ပြောပါသည်။ တရုတ်စာတိုက် ငွေစုဆောင်း ဘဏ်မှ အရာရှိတစ်ဦးဖြစ်သူ Sheng မှ နွေဦးပေါက်ပွဲတော်တွင် ပြည်သူများ အနေဖြင့် လက်ဆောင်များဝယ်ယူရန်၊ ခရီးသွားလာရန်၊ စာအိတ်အနီတွင် ငွေ စက္ကူများထည့်၍ လက်ဆောင်အဖြစ် ပေးရန်နှင့် ကုမ္ပဏီများတွင် နှစ်ကူးငွေ သားလက်ဆောင်များ ပေးရန်အတွက် ရည်ရွယ်ကြောင်း၊ ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်းဖြင့် ပြည်တွင်း စားသုံးမှုကို လှုံ့ဆော်မှုဖြစ်စေသော် လည်း လိုအပ်သည့်ပမာဏထက် ပို၍ ထုတ်ဝေပါက ငွေကြေးဖောင်းပွမှုကို ဖြစ်စေကြောင်း၊ ဘဏ္ဍာရေးနှင့် ဘဏ် အဖွဲ့အစည်းမှ ဒါရိုက်တာဖြစ်သူ Zhaoxiang က Global Times ကို ပြောကြားပါသည်။ မကြာမီနှစ်များ အတွင်း ကုန်ပစ္စည်းများ၏ဈေးနှုန်းများ မြင့်တက်လာခဲ့သော်လည်း သာမန် လူထုအနေဖြင့် လုပ်ခလစာများတိုးလာ မှုမရှိသည်ကို မြင်ကြကြောင်း စစ်ချွမ်း ပြည်နယ်၊ ချန်ဒူးရှိ မူလတန်းကျောင်း ဆရာLi က Global Timesကို ပြော ပါသည်။ PBC အနေဖြင့် ဈေးကွက်အတွင်း ငွေစက္ကူပမာဏ အများအပြား ဆတ် တိုက်ထုတ်ဝေပါက ငွေကြေးဖောင်းပွမှု ကို ဖြန့်စေနိုင်သလို အလယ်အလတ် ဝင်ငွေရရှိနေသည့် သာမန်ပြည်သူလူထု အနေဖြင့် နေ့စဉ် ဘဝရှင်သန်ရန် အခက်အခဲများတွေ့မြင်နိုင်ကြောင်း Li က ပြောပါသည။် ဒေါက်တာထိန်လင်း ဇာတ်မြစ် : Global Times
Background