Main menu

Background

ရွှေဈေးကွက် ရက်သတ္တသုံးပတ် ဆက်တိုက်ကျဆင်း

Fri, 01/28/2011 - 04:37 -- Anonymous (not verified)

 ရွှေဈေးကွက် ရက်သတ္တသုံးပတ် ဆက်တိုက်ကျဆင်း          ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန် ထူလာမှုကြောင့် ချေးငွေကုန်ကျစရိတ် များ မြင့်တက်လာလိမ့်မည်ဟု တွက်ဆ လာကြတဲ့အတွက် ရွှေဈေးက ရက်သတ္တသုံးပတ်မြောက် ဆက်တိုက်ကျဆင်း မဲ့ အခြေအနေကိုတွေ့ရပါတယ်။ ရွှေကို ရင်းနှီးမြှုပ်နံှဖို့အတွက် သဘောကျနှစ် ခြိုက်နိုင်မယ့် အခြေအနေကိုလည်း ကျဆင်းလာခဲ့ပါတယ်။ ငွေသတ္တုရဲ့ တန်ဖိုး ကလည်း ရက်သတ္တခုနစ်ပတ်အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။         နယူးယောက်ဈေးကွက်မှာ ဖေဖော်ဝါရီအတွက် ကြိုပွိုင့်ဈေးက ဇန်နဝါရီ ၂ဝရက် နံနက် ၁ဝနာရီ ၃၈မိနစ်က ရွှေတစ်အောင်စလျင် ၃ ဒသမ ၈ဝ ဒေါ်လာ (သုည ဒသမ ၃ရာခိုင်နှုန်း) ကျဆင်းပြီး တစ်အောင်စကို ၁၃၄၂ ဒသမ ၇ဝ ဒေါ်လာနှုန်းဖြစ်ခဲ့ပါတယ်။ ရက်သတ္တပတ်အလိုက်ကြည့်ပါက ၁ ဒသမ ၃ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၇ရက်က ရွှေတစ်အောင် စကို ၁၄၃၂ဒသမ ၅ဝ ဒေါ်လာနှုန်းနဲ့ အမြင့်ဆုံးကို ရောက်ခဲ့ပြီး ဇန်နဝါရီ ၂၁  ရက် နံနက်ပိုင်းမှာ တစ်အောင်စကို ၁၃၃၇ဒေါ်လာနှုန်းဖြစ်ရာ နိုဝင်ဘာ ၁၈ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေး ဖြစ်ခဲ့ပါ တယ်။           နယူးယောက်ဈေးကွက်မှ ငွေသတ္တု ရဲ့ မတ်လကြိုပွိုင့်ဈေးက တစ်အောင်စ ကို ၂၇ဒသမ ၂၀ထိရောက်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၉ရက်နောက်ပိုင်း အနိမ့်ဆုံး ဈေးဖြစ်ပါတယ်။ ငွေသတ္တုက တတိယ ရက်သတ္တမြောက်ဈေးနှုန်း ကျဆင်းခဲ့ တာဖြစ်ပြီး မတ်လနောက်ပိုင်း ကျဆင်း မှုကာလ အရှည်ကြာဆုံးဖြစ်ခဲ့ပါတယ်။ ဉာဏ်တင်၊ Socurce : bloomberg.com