Main menu

Background

တရုတ်နှစ်သစ်ကူးဝယ်လိုအားကောင်းခြင်းကြောင့် စားအုန်းဆီကြမ်း ဈေးမြင့်တက်နိုင်

Fri, 01/28/2011 - 04:43 -- Anonymous (not verified)

တရုတ်နှစ်သစ်ကူးဝယ်လိုအားကောင်းခြင်းကြောင့် စားအုန်းဆီကြမ်း ဈေးမြင့်တက်နိုင်            တရုတ်နှစ်သစ်ကူးပွဲတော်နီးကပ်လာပြီဖြစ်လို့ အဓိကတရုတ်အပါ အဝင် ပြည်ပဝယ်လိုအားကောင်းခြင်းက မလေးရှား ကုန်စည်ဒိုင်မှာ ယခုတစ် ပတ် စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးထပ်မံမြင့်တက်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံက စားအုန်းဆီကြမ်းတန်ချိန် ၃ဝဝဝဝ ဝယ်ယူတဲ့အမှာစာ ကြောင့် ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ် လာ ၁၃၁၁) အထိမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။           အဝယ်ဆက်တိုက်ရှိနေခြင်းဟာ ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ ဖြစ်စေလို့ ဖေဖော်ဝါရီလ စားအုန်းဆီကြမ်းတင်ပို့ဈေးကလည်း ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအတွင်းမြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယခင်နှစ်နှောင်း ပိုင်းက မရေရာတဲ့ ရာသီဥတုအခြေအနေကြောင့် ပဲပုပ်ဆီနဲ့ စားအုန်းဆီထုတ်လုပ်မှု ကျဆင်းခြင်းနဲ့ ပတ်သက်လို့ ဈေးကွက်မှာ ရောင်းအားကျတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ၂ဝ၁၁ ဇန်နဝါရီ စားအုန်းဆီကြိုပွိုင့်ဈေးဟာ ရင်းဂစ် ၈ဝ (ကန်ဒေါ်လာ ၂၆) မြင့်တက်ပြီး ရင်းဂစ် ၃၈၈ဝ (ကန်ဒေါ်လာ ၁၂၇၂) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လက်ငင်းဈေးကွက်မှာတော့ ဇန်နဝါရီ စာခုျပ်ဈေးဟာ ယခင်တစ်ပတ်က ရင်းဂစ် ၃၈၂ဝ (ကန်ဒေါ်လာ ၁၂၅၂) ထိ အမြင့်ဆုံး ရောက်ရှိခဲ့ရာမှ ရင်းဂစ် ၃၇၃ဝ (ကန်ဒေါ်လာ ၁၂၂၂) နဲ့ ဈေးပိတ်ခဲ့ တယ်လို့ သိရပါတယ်။ ယုဇန၊Source: Bermama.com