Main menu

Background

ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု ပြန်တက်လာ

Fri, 01/28/2011 - 04:46 -- Anonymous (not verified)

ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု ပြန်တက်လာ         ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုဟာ တန် ၄ဝဝ ခန့်ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီလ ၁ဝ ရက်မှ ၁၆ ရက်) အတွင်း မှာတော့ တန်ချိန် ၆၂ဝ ကျော်အထိ တိုးတင်လာတာတွေ့ရပါတယ်။ ၂ဝ၁ဝ ဒီဇင် ဘာလ တစ်လလုံး နှမ်းတင်ပို့မှုကို ကြည့်မယ်ဆိုရင် တန်ချိန် ၄ဝဝဝ ခန့်ရှိလို့ နိုဝင်ဘာလတင်ပို့မှု ပမာဏအတိုင်း တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ဒီဇင်ဘာလမှာတော့ တန်ချိန် ၄၃ဝဝ ခန့်အထိ တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ ဈေးကွက်တွေကို နယ်စုံက နှမ်းအသစ်တွေ ဖြိုင်ဖြိုင်ဝင်လာနေပြီဖြစ်သလို တရုတ်နယ်စပ်ဘက်ကလည်း ဝယ်လိုအား ကောင်းနေတာကြောင့် ပြည်တွင် နှမ်းဈေး မြင့်လာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဇန်နဝါရီလ ၂၁ ရက်မှာ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈ဝ-၁၉၃ဝ၊ ရိုးရိုးနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၅၁ဝ-၁၅၆ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃၆ဝ- ၁၄၁ဝ ဈေးအသီးသီးဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT