စီးထွက်မှုအားကောင်းတဲ့ စစ်ကိုင်းနှမ်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နှမ်းသီးနံှကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး လျာထားစိုက်ဧကအပြည့် စိုက်တာကြောင့် နှမ်းအသစ်များအဆက်မပြတ် ထွက်ပေါ်ပြီး ရောင်းဝယ်မှုကလည်း အစဉ်အမြဲသွက်လျက် ရှိပါတယ်။ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ အရာတော်၊ မြောင်မြို့နယ်များမှ နှမ်းများ မုံရွာမြို့သို့ ဝင်ရောက်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုလ ၁၈ ရက်အတွင်း နှမ်းတစ်ပိဿာ ပေါက်ဈေးနိမ့်/မြင့်မှာ နှမ်းညို ၁၄၃၃ ကျပ်- ၁၅ဝဝ ကျပ်၊ နှမ်းနီ ၁၅ဝဝ ကျပ်- ၁၅၈၇ ကျပ်၊ နှမ်းဖြူ ၁၄၆၇ ကျပ်- ၁၆ဝဝ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ တိုင်းအတွင်းမှ စီးထွက် အများဆုံး သီးနံှမှာနှမ်းဖြစ်ပြီး ယခုလအတွင်း မန္တလေးမြို့သို့ နှမ်းဖြူ၊ နီ၊ ညိုတင်း ၆၆ဝဝ ကျော် စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ နှမ်းဖြူ ၊ နီ၊ ညို တင်း ၃ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး နှမ်းဆီတစ်ပိဿာ ပေါက်ဈေးမှာ လက် ကား ၃ဝဝဝ ကျပ်၊ လက်လီ ၃၂ဝဝ ကျပ်၊ နှမ်းဖတ် ၆၂ဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ သန်းသန်းတင်
Background