Main menu

Background

တရုတ်နိုင်ငံက ဝယ်လိုအား ကျဆင်းနိုင်တဲ့အလားအလာကြောင့် ပဲပုပ်ဈေးနှုန်း ကျဆင်း

Fri, 01/28/2011 - 04:59 -- Anonymous (not verified)

တရုတ်နိုင်ငံက ဝယ်လိုအား ကျဆင်းနိုင်တဲ့အလားအလာကြောင့် ပဲပုပ်ဈေးနှုန်း ကျဆင်း            ကမ္ဘာ့ပဲပုပ် အများဆုံး ဝယ်ယူတဲ့ တရုတ်နိုင်ငံမှာ အစိုးရက အရံငွေ အတွက် စရံငွေပိုမိုချထားပေးဖို့ ဘဏ် များကို ညွှန်ကြားခဲ့တဲ့နောက် ဝယ်လိုအား နှေးကွေးနိုင်တဲ့ အလားအလာ များကြောင့် ပဲပုပ်ကြိုပွိုင့်ဈေး ကျဆင်း ခဲ့တယ်လို့ သိရပါတယ်။ ချီကာကို မှာ မတ်လ ပို့ရမယ့် ပဲပုပ်ဈေးဟာ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၄ ဒသမ ဝ၈၂၅ (တစ် တန်ကို ကန်ဒေါ်လာ ၅၂၁) ဈေးဖြစ် ခဲ့တယ်လို့ သိရပါတယ်။ တရုတ် နိုင်ငံ ရဲ့ နောက်ဆုံးချမှတ်လိုက်တဲ့ မူဝါဒအရ တရုတ်နိုင်ငံရဲ့ ဆီထွက်သီးနံှဝယ်လိုအား နည်းသွားနိုင်တယ်လို့ သြစတြေးလျ Commonwealth Bank မှ ကုန်စည် လေ့လာဆန်းစစ်သူ Luke Mathews  က ပြောကြားပါတယ်။           စက်တင်ဘာလ ၁ ရက်မှ ဇန်နဝါရီလ ၆ ရက်အထိ အမေရိကန်နိုင်ငံမှ တရုတ်ကို ပဲပုပ်တန်ချိန် ၁၅ ဒသမ ၂ သန်းတင်ပို့ခဲ့တယ်လို့ အမေရိကန် စိုက်ပိုျးရေးဌာနက ဇန်နဝါရီလ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ တရုတ် နိုင်ငံ အနေနဲ့ ယခင်နှစ်က တန်ချိန် ၅ဝ ဒသမ ၃ သန်းတင်သွင်းခဲ့ရာမှ ယခုနှစ် မှာ တန်ချိန် ၅၇ သန်းထိ မြင့်တက်လိမ့် မယ်လို့လည်း  USDA က ခန့်မှန်းထား ပါတယ်။ ယမင်းခင်၊ Source: Bloonberg ,nt