Main menu

Background

မတ်ပဲဈေးအမြင့်မှာ ခိုင်မာနေ

Fri, 01/28/2011 - 05:09 -- Anonymous (not verified)

        နှစ်စဉ်လက်ကားဈေးနှုန်းညွှန်းကိန်းအပေါ် အခြေခံတဲ့ စားနပ် ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ဇန်နဝါရီလ ၈ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ၁၅ ဒသမ ၅၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ နှစ်စဉ်အခြေခံ ဈေးနှုန်းအရ ပဲမိုျးစုံဈေးနှုန်းက ၁၅ ရာခိုင်နှုန်း ကျဆင်းပြီး ဂံျုဈေးက ၆ ရာခိုင်နှုန်းနဲ့ အာလူးက ၃ ရာခိုင်နှုန်း ကျဆင်း ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကြက်သွန်နီဈေးကတော့ ၁ဝဝ ရာခိုင်နှုန်းနီးပါး မြင့်တက်တယ်လို့ သိရပါတယ်။ မတ်ပဲဈေးအမြင့်မှာ ခိုင်မာနေ        ယခုသီတင်းပတ်အတွင်း အိန္ဒိယ ပြည်တွင်းဈေးကွက်များမှာ မတ်ပဲဈေးက အမြင့်မှာတည်ငြိမ်သလောက် ရှိနေပါတယ်။ ကုန်သည်များနဲ့ ပဲခွဲစက်လုပ်ငန်းရှင်တွေက ပုံမှန်အဝယ်ရှိနေတာကြောင့် မတ်ပဲ ဈေး ခိုင်မာနေတာဖြစ်ပါတယ်။ ပြည်တွင်း မိုးမတ်ပဲများထွက်ရှိချိန်က အရည်အသွေး နိမ့်ကျမှုကြောင့် လှောင်လက်တွေ များများလှောင် မထားကြလို့ လက်ရှိအချိန်မှာ လက်ကျန်များ လျော့နည်းနေတာ ဖြစ်ပါတယ်။ အတ္တရာပရာဒေ့ရှ် ဘက်က မတ်ပဲအသစ်များ ဇန်န ဝါရီလ နောက်ဆုံးပတ်မှာ ဝင်ရောက်မှာဖြစ်ပေမဲ့ ပမာဏနည်းတဲ့ အတွက် အတ္တရာပရာဒေ့ရှ်ရဲ့ လိုအပ်ချက်သာ ဖြည့်ဆည်းနိုင်မှာဖြစ် လို့ ဈေးကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံမှာ မတ်ပဲအထွက်ကောင်းမယ့် သတင်းတွေအရ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအလွယ်တကူရရှိဖို့ အလား အလာတွေရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                                           ဒေါ်လာ/တန်  ဈေးကွက်       ၂ဝ .၁ .၁၁           ၁၉ .၁ .၁၁           ၁၈ .၁ .၁၁                 ၁၇ .၁ .၁၁မွန်ဘိုင်း         ၉၃၂-၉၃၈                ၉၃၁                   ၉၃၃                        ၉၃၂ဒေလီ            ၉၃၈-၉၄၃                ၉၄၈                   ၉၄၄                        ၉၂၁ချန်နိုင်း          ၉၅၄-၁၁၂၄         ၉၄၈-၁၁၂၉           ၉၅၅-၁၁၃၁              ၉၅၄-၁၁၂၄