Main menu

Background

်ကုလား ပဲဈေးငြိမ် အရောင်းအဝယ်ဖြစ်

Fri, 01/28/2011 - 05:11 -- Anonymous (not verified)

် ကုလား ပဲဈေးငြိမ် အရောင်းအဝယ်ဖြစ်              အိန္ဒိယပြည်တွင်း ကုလားပဲ လက်ငင်းဈေးကွက်များမှာ ကုလားပဲဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ ပုံမှန်မဟုတ်ဘဲ မိုးရွာသွန်းပြီး မဒ္ဒရာပရာဒေ့ရှ်မှာ အအေးလှိုင်းဝင်ရောက်မှုကြောင့် ကုလားပဲပင် များပျက်စီးတဲ့ သတင်းတွေအရ လာမယ့်ကာလ ပဲအထွက် မရေရာ မှုကြောင့် ဝယ်လက်များ ပိုမိုဝယ်ယူလာကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သြစတြးလျမှာလည်း မိုးများပြီး အထွက်နှုန်းကျဆင်းနိုင်ကာ ရောင်းချမှုလျော့ကျနိုင်တဲ့အတွက် ကုလားပဲဈေးက ခိုင်မာနေခြင်း ဖြစ်ပါတယ်။ ဇန်နဝါရီလကုန်မှာ မဟာရပ်ရှတရာက ပဲအသစ်တွေ ဝင်ရောက်လာတော့မှာဖြစ်ပြီး အဲဒီကာလမှာတော့ လက်ငင်းဈေး ကျဆင်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂) နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                          ဒေါ်လာ/တန်  ဈေးကွက်           ၂ဝ .၁ .၁၁            ၁၉ .၁ .၁၁             ၁၈ .၁ .၁၁                    ၁၇ .၁ .၁၁မွန်ဘိုင်း                  ၅၇၆                ၅၆၇-၅၇၃                 ၅၈၂                            ၅၈၁ဒေလီ                   ၅၄၈-၅၆၂            ၅၆ဝ-၅၆၂            ၅၄၂-၅၄၄                     ၅၄၂-၅၄၃ကန်ပါ                     ၅၈၅                    ၅၈၄                ၅၈၈-၅၈၉                         ၅၉၂