Main menu

Background

ပဲတီစိမ်း ဈေးအနည်းငယ်တိုးလာ

Fri, 01/28/2011 - 05:14 -- Anonymous (not verified)

 ပဲတီစိမ်း ဈေးအနည်းငယ်တိုးလာ           ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ပဲတီစိမ်းဈေးအနည်းငယ်တိုးလာပါတယ်။ ဈေးကွက်တွေမှာ အရည် အသွေးကောင်း ပဲတီစိမ်းမရရှိနိုင်ခြင်းက ပြည်တွင်းပဲဈေးကျဆင်းမှုကို ကန့်သတ်စေပါတယ်။ မြန်မာနိုင်ငံအတွင်း ပဲတီစိမ်းအထွက်ကောင်း မယ့် အခြေအနေရှိပေမဲ့ တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းခြင်း ကြောင့် နိုင်ငံတကာမှ ဈေးခိုင်မာနေခြင်းဖြစ်ပါတယ်။ ထို့အပြင် သြစတြေးလျမှ ပဲတီစိမ်းမရရှိနိုင်ခြင်းကလည်း နိုင်ငံတကာရောင်းလိုအား ပိုမိုလျော့ကျစေပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ ပဲတီစိမ်း လက်ကျန် မရှိတော့လို့ ရာဂျက်စသန်ပဲတီစိမ်းများကို ဝယ်လိုအားတက်လာ ကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေး တွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃                                                                                                    ဒေါ်လာ/တန်  ဈေးကွက်                  ၂ဝ .၁ .၁၁               ၁၉ .၁ .၁၁                 ၁၈ .၁ .၁၁                ၁၇ .၁ .၁၁ချန်နိုင်း(ပဲတီရွှေဝါ)    ၁ဝ၉၇-၁၁၁၉                  ၁ဝ၆၉                       ၁ဝ၉၈                      ၁ဝ၄၂ဒေလီ                         ၁ဝ၅၃                       ၁ဝ၅၈                       ၁ဝ၅၄                      ၁ဝ၅၃အင်ဒိုရီ                        ၁၁၄၁                      ၁၁၄၆                       ၁ဝ၉၈                       ၁ဝ၉၇