Main menu

Background

ရေထွက်ကုန်က ဒေါ်လာ (၄၃၆) သန်းခန့်ရရှိလာ

Fri, 01/28/2011 - 05:47 -- Anonymous (not verified)

ရေထွက်ကုန်က ဒေါ်လာ (၄၃၆) သန်းခန့်ရရှိလာ              မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၃၃ နိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိရာ ၂ဝ၁၁ ခုနှစ် ဇန် ၉ ရက်နေ့အထိ ဒေါ်လာ ၄၃၆ သန်းခန့် ရရှိထားပြီးဖြစ်သည်။ ''ပြည်ပနိုင်ငံပေါင်း ၃၃ နိုင်ငံကို အဓိကတင်ပို့ရောင်းချရာမှာ ပင်လယ်ရေကြောင်းလိုင်းကနေ ဒေါ်လာ၂၇၁ဒသမ ၄၉၂ သန်း၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးက ဒေါ်လာ ၅၇ ဒသမ ၇၂၉ သန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးက ဒေါ်လာ ၁၆ ဒသမ ၆၆၄သန်း၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၆ ဒသမ ၇၃၃ သန်း၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၄ ဒသမ ၆၁၃ သန်း၊ မြိတ်နယ်စပ်ကုန်သွယ် ရေးစခန်းက ဒေါ်လာ ၇၅ ဒသမ ၁၃၄ သန်း၊ မောင်တောစခန်းက ဒေါ်လာ ၃ ဒသမ ၇၄၇ သန်း၊ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းက ဒေါ်လာဝ ဒသမ ၁၄၉ သန်းစသည်ဖြင့် ရရှိခဲ့တာဖြစ်ပါတယ်''ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အတူ ရေထွက်ကုန်ပစ္စည်းဖြစ်သော ကဏန်းတင်ပို့မှုက ဒေါ်လာ ၂၆ ဒသမ ၇၂၉ သန်း၊ ငါးရှဉ့် တင်ပို့မှုက ဒေါ်လာ ၁၈ ဒသမ ၁၇ သန်း၊ ရေခိုျငါးတင်ပို့မှုက ဒေါ်လာ ၉ဝ ဒသမ ၅၂၇ သန်းတို့ ရရှိထားသည်ဟု ဆိုသည်။ အဆိုပါရရှိငွေမှာ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် ပို့ကုန်ဝင်ငွေ ဒေါ်လာသန်း ၇ဝဝ လျာထားချက် အတွက် ၆၇ ရာခိုင်နှုန်း အကောင် အထည်ဖော်ပြီးကြောင်း သိရသည်။MN